နှာခေါင်းမှ အဆုတ်ထိ ဇွတ်တိုးဝင်လာသည့်ပြင်းရှရှအနံ့ဆိုးကခေါင်းကိုက်စေတယ်။ စိတ်ရှုပ်စွာ.နှာခေါင်းရှုံလိုက်တော့..ကားနောက်ဘက် ကိုယ့်ဘေးတွင်ထိုင်နေသောလူက.ဟက်ခနဲရယ်တယ်။"မင်းငါ့ကို မှတ်မိတာပဲ...အဟက်!"
ကိုယ်မျက်မှောင်တွေစုကျုံ့လိုက်ရင်းမျက်နှာကိုမဲ့ပစ်လိုက်တယ်။ ကျက်သရေမရှိလိုက်တာ။
"ဟိုကောင်တွေပဲအသုံးမကျတာလား.?
မင်းကပဲ ခံနိုင်ရည်ရှိနေတာလား.? မပြောတတ်ဘူး!"ဘာကိုပြောချင်တာလဲ.? မဟုတ်မှ!
ကိုယ့်ဆံပင်တွေလှမ်းလာသည့် မေးချွန်ချွန်ခပ်ရွဲ့ရွဲ့မျက်နှာထားနှင့် Kim Jun Hee ရဲ့လက်တစ်ဖက်။
နဖူးရှေ့ရှိဆံနွယ်တွေကို တစ်ဖက်သိမ်းလိုက်တော့.ပေါ်လာသည့် ခေါင်းကဒဏ်ရာတွင် ပတ်တီးကပ်ထားဆဲ။အလိုမကျစွာ..အဲ့လူရဲ့လက်ကိုပုတ်ထုတ်ပစ်လိုက်တယ်။
"ဟုတ်တယ်။ငါလုပ်ခဲ့တာ!"
မချိုမချဉ်အပြုံးမျိုး။
ရဲစခန်းမှာ.Jung Kook ကိုပြုံးပြနေတဲ့အပြုံးနှင့်တစ်ပုံစံတည်း။ကိုယ့်ကိုစိုက်ကြည့်လာသည့် ခပ်ရိုင်းရိုင်းမျက်လုံးတွေ။"အတိတ်မေ့သွားစေဖို့ ရည်ရွယ်ချက်က..အခုတော့ မင်းကတစ်ညတောင်မပြည့်ဘူး ပြန်ကောင်းသွားတယ်~
ဒါပေမယ့် ကိစ္စတော့မရှိပါဘူး.။
တခြားနည်းလမ်းနဲ့ ဖြေရှင်းရုံပေါ့~"
ဆိုကာ ထိုလူက ကျက်သရေမရှိစွာအော်ရယ်တယ်။
ကိုယ်နဲ့တော့ ဟုတ်နေပြီ။ကျစ်ကျစ်ပါအောင်ဆုပ်ထားသည့် ကိုယ့်လက်သီးက ဟိုလူမျက်နှာမှာဘူတာဆိုက်မယ်ထင်တယ်။"လိုရင်းကဘာလဲ!?"
"သက်သေထွက်ဆိုချက်တွေရုတ်သိမ်းဖို့ပဲ.
မင်းအတွက်လွယ်ကူပါတယ်..""အဟက်~ ခြိမ်းခြောက်နေတာလား?အခု"
ကိုယ့်အမေးကြောင့် လက်ခုပ်နှစ်ချက်ဆင့်တီးကာအရှက်မရှိ ထရယ်ပြန်တယ်။