"ဒီနေ့အစည်းအဝေးကတော့ ဟိုတယ်တိုးချဲ့ဆောက်လုပ်ရေးအတွက်.ဒီကရှယ်ရာရှင်တွေနဲ့ တိုင်ပင်တဲ့ပွဲပါ...လူကြီးမင်းတို့ လက်ထဲမှာ စာရွက်စာတမ်းတွေပေးပြီးသားပါ..."
အနက်ရောင် suit အပြည့်အစုံ ဝတ်ဆင်ထားပြီး...ရှည်လျားအရပ်အမောင်း၊ ကြည့်ကောင်းသည့်မျက်နှာအသွင်အပြင်၊
တည်ငြိမ်ရင့်ကျက်ပြီး တစ်ဖက်လူကို လက်ခံလာအောင်ပြောနိုင်သည့်အသံဩဇာနှင့်ပါ ပြည့်စုံသည့် Jung-Jewellery company ရဲ့MD- Jeon Jung Kook ကိုဥက္ကဌကြီးက သဘောတကျပြုံးသည်။"ဆောက်လုပ်မယ့် နေရာကိုလည်း တစ်ခါတည်းထည့်သွင်းထားပါတယ်...
အရင်တစ်ခေါက်က ဂျယ်ဂျူကျွန်း Resort project လည်းအောင်မြင်ခဲ့တာပါပဲ! ဒါပေမယ့် အခုတစ်ခေါက်မှာ..အဲ့ဒီတုန်းကနဲ့မတူအောင်..နိုင်ငံခြားသား ဧည့်သည်တွေအတွက်ကိုအဓိက ရည်ရွယ်ထားပါတယ်~
မတူဘူးဆိုတာက တခြားတော့မဟုတ်ပါဘူး..!"
လက်ဖဝါးနှစ်ဖက်ကို စားပွဲရှည်ကြီးပေါ် ဖိထောက်ထားသည်။ စိတ်ဝင်တစားနားထောင်နေကြသောရှယ်ရာရှင်တွေရဲ့ အာရုံက.ထိုအမျိုးသားထံ။
"Mr.Hokari~ ဝင်ခဲ့ပါ!"
MD စီရောက်နေသည့်အာရုံက အစည်းအဝေး ခန်းမထဲဝင်လာသော နောက်လူတစ်ဦးဆီ။ ဥက္ကဌကြီးကလည်း မျက်တောင်မခတ်စတမ်း MD အားစိုက်ကြည့်သည်။
"ဒါကတော့.. Tsushima က B & T transportation ရဲ့ဥက္ကဌ
Mr.Hokari Nashima ပါ"Jeon MD၏ မိတ်ဆတ်အဆုံး အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ခုနကတိတ်ဆိတ်နေသောခန်းမသည် တီးတိုးသံတွေဖြင့်ပွဲကျသွားကြတယ်။
"ဧကန္တ..!"
ရှယ်ရာရှင် အမျိုးသမီးတစ်ဦးက..နားလည်သလိုလိုရှိလာပြီး တစ်ခုခုမေးချင်ပုံရသည်မို့။
"ဟုတ်ပါတယ်~ Busan နဲ့ Tsushima ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကို ဦးဆောင်နေတဲ့လူပါ..!"
*wow!*
*မဆိုးဘူးပဲ..!*
*Daebak..!*