At the police station,"Jae Min ahh~"
Jung kook စခန်းကိုရောက်တော့ဟိုကောင်လေးက စစ်ဆေးမှုခံယူနေပုံရသည်။ နောက်ပြီး Jae Min ဘေးနားက Yejin ဆိုသည့်မိန်းကလေးနဲ့ Jae Min ရဲ့သူငယ်ချင်းကောင်လေးတစ်ယောက်။
"အော..Hyung ~
ရောက်လာပြီလား..?""ဘာဖြစ်တာလဲ..?"
Jung kook ထိုင်နေတဲ့ Jae Min နားထိရောက်အောင်သွားလိုက်ပြီးစစ်ဆေးနေတဲ့ရဲကိုမေးလိုက်တော့...။
"ဒီကျောင်းသားနှစ်ယောက်က..**ရပ်ကွက်ကတိုက်နံရံတွေကိုဆေးတွေသွားဖြန်းလို့ အဲ့ရပ်ကွက်ကတိုင်လိုက်တာပါ..၊
ခင်ဗျားက အုပ်ထိန်းသူလား..?""ဟုတ်ပါတယ်..၊ ကျွန်တော်ဘာများလုပ်ပေးရမလဲ..ရဲမှူး?"
"ပြဿနာကအရမ်းမကြီးပါဘူး...၊ဒဏ်ငွေဆောင်ပြီးတော့ ဒီကလေးတွေကိုနောက်မလုပ်အောင်ထိန်းသိမ်းပေးပါဗျ."
"ဟုတ်ကဲ့..!"
ဆောင်ခိုင်းတဲ့ ဒဏ်ငွေထုတ်ပေးလိုက်ပြီးရဲမှူးပြတဲ့ ဖိုင်ထဲမှာ အာမခံလက်မှတ်ထိုးပေးလိုက်ရပါတယ်။ Jung kook သည် Jae Min ကိုတော်တော်အလုပ်ရှုပ်တဲ့ကောင်ဆိုသည့် ပုံစံမျိုးပေစောင်းစောင်းကြည့်ပေးလိုက်တော့.သကောင်သားက.ဇက်ကလေးပုလို့။ ခေါင်းကိုအသာခါထုတ်လိုက်ပါသည်။
"နောက်ကျသွားတယ်ဗျာ..!"
Jung kook ၏အာရုံက စစ်ဆေးခန်းထဲဝင်လာတဲ့suitဝတ်ထားသောလူဆီသို့..။ထိုလူက..လောကကြီးမှာ ဘယ်တော့မှပြန်မဆုံချင်တဲ့.တစ်ယောက်တည်းရှိသော De novo hotel ရဲ့ဒုဥက္ကဌ. Kim Jun Hee။
အဲ့ဒီလူကိုမြင်ကတည်းက.Jung Kook စိတ်တွေရှုပ်လာသည်။ ထိုလူကသူ့ကိုသတိမထားမိဘဲ..Jae Min ဘေးနားကကောင်လေးဆီသွားသည်။
"Jun Hee Hyung ~"
Jae Min သူငယ်ချင်းရဲ့အကို..?
Jae Min ဘေးနားရပ်နေတဲ့သူ့ကို သတိထားမိသွားတဲ့ အဲ့ဒီလူက..ပါးစောင်ကိုလျှာနဲ့ထိုးလို့ ခပ်မဲ့မဲ့ပြုံးပြသည်။"JungKookie..!?"
~~~
ကိစ္စအားလုံးရှင်းပြီးသွား၍ကားပါကင်ရှိရာသို့ Jung Kook လျှောက်သွားသည်။ ဘာမှဒေါသထွက်စရာမရှိပေမယ့် စိတ်ရှုပ်စရာကကပ်ကပ်ပါအောင်လိုက်နေတာကြောင့်..မျက်မှောင်တွေအလိုလိုကျုံ့ထားမိတာ။