ကိုယ်တို့ဌာနက Jimin အပါအဝင် လူ ၈ ယောက်ပဲရှိတာရယ်ကြောင့် Private အခန်းတွေမှာမထားတော့ဘဲ ဒီတိုင်း အဲကွန်းတည့်တည့်ရှိသည့် ဝိုင်းတွင်နေရာယူကြသည်။BBQ အကင်ဆိုင်တမင်ရွေးချယ်ခဲ့တာ.။ လူများတာကြောင့်ပိုတန်လိမ့်မည်ဟု တွေးမိ၍ဖြစ်သည်။ နောက်ပြီး ယောကျာ်းလေးများတဲ့ကိုယ်တို့ဌာနက သေချာပေါက်.ဆိုဂျူက မပါမဖြစ်ပေါ့..။
မိန်းကလေးနှစ်ယောက်ပဲရှိသည့် ကိုယ်နဲ့ဟေမီက ခုံအစွန်းမှာထိုင်ချသည်။ မျက်နှာချင်းရှိလူနှစ်ယောက်ကတော့. Sanbae နှင့် Jimin.
သိသိသာသာပူးကပ်နေသည့် သူတို့အတွဲကို တစ်ဌာနလုံးက သတိထားမိကြပြီးသား..။ ကုန်ကုန်ပြောရရင်..ဥက္ကဌကြီးတောင်..တပြုံးပြုံးနှင့်..သိပြီးသားလိုလို။
အားလုံး စကားတပြောပြောနှင့် စားသောက်နေကြစဉ်ဥက္ကဌကြီးထံမှ...လက်ခုပ်တစ်ချက်တီးလိုက်တော့.စားနေရာမှမော့ကြည့်လာကြတတယ်။
"ကျတော်တို့ အသစ်ဝင်တဲ့... Jimin ssi အတွက်...ကြိုဆိုတဲ့အနေနဲ့..တစ်ခွက်လောက်..!"
ဥက္ကဌကြီး စကားကြောင့်အားလုံးက ဆိုဂျူခွက်ကိုယ်သီကိုင်က အလယ်မှာစုကျတယ်..။
Cheer*
ရွှီ*
Clap*
~~~
"True or dare"
true ပါဗျို့!*
အားလုံးစားပြီးသောက်ပြီးကြ၍ True or dare ကစားနေကြခြင်းဖြစ်သည်။ ဥက္ကဌကြီးကတော့ စားပြီးသွား၍ထွက်သွားပြီဖြစ်သည်။
ကုန်သွားတဲ့ဆိုဂျူပုလင်းကစားပွဲပေါ်တဝဲလည်လည်ဖြင့် ကံဆိုးသည့် Sanbae ထံစိုက်ရောက်လာသည်။
"True..!"
Sanbae ၏ရွေးချယ်မှုကြောင့် အားလုံးပွဲကျသွားကြတယ်။ ဘေးကဟေမီမ က အဆိုးဆုံးဖြစ်သည်။
"ရှေ့နေကြီး Kim နဲ့Jimin ssi ကဘာတွေလဲ..?"
Very juicy*