6

963 136 8
                                    


တဖွဲဖွဲ ကျနေသောမိုးဖွားလေးတွေ သဘောတကျထိတွေ့မိတော့ စိမ့်ခနဲ။ ဆောင်းဦးဆိုပေမယ့်. ဗြုန်းစားကြီး မိုးရွာချတာမျိုးရယ်ပါ။ အရင်ကတော့ ကိုယ့်ပိုက်ဆံအိတ်ထဲ ထီးကိုလိုရမယ်ရ ထည့်တတ်ပေမယ့်ဒီနေ့ကျမှ မပါလာခဲ့တာ။

မိုးမိတာမျိုးတော့မဟုတ်ခဲ့ဘူး။ ကားမှတ်တိုင်ရဲ့ အမိုးအောက်မှာထိုင်စောင့်နေတာမျိုး။ အတိအကျပြောရရင်Sanbae အိမ်သို့တိုက်ရိုက်ရောက်သည့် bus ကိုစောင့်နေတာပါ။

မိုးရွာတဲ့အပြင်.weekends ဖြစ်တာကြောင့်လည်းပါမယ်။
ကားမှတ်တိုင်က ထင်သလောက်လူမများ။ ကိုယ့်အခုစီးလာတဲ့ကားထဲမှာလည်း.လူ ၁၀ ယောက်အောက်လောက်ပဲရှိတာမျိုး။

အေးချမ်းပါတယ် ဆိုကာမှ~ ရုတ်တရက်ခေါင်းထဲရောက်လာတဲ့ မနေ့ကအဖြစ်အပျက်။ သေချာပေါက် အဲ့ဒီအကြောင်းကိုတစ်စက်ကလေးမှ မတွေးရသေးဘဲလေ။

*ဘာမှသေချာမသိဘဲနဲ့ လက်လွတ်စပယ်ပြောတာမျိုးကို ငါက သောက်ရမ်းမုန်းတာ*

ဘာတွေဖြစ်ခဲ့လို့လဲ..?
အရာအားလုံး ချမ်းသာပြီး ပြီးပြည့်စုံနေတဲ့ဘဝက.ထင်တာထက်ပိုရှင်းနေတာပဲမဟုတ်လား..။ ဘာတွေသိစရာလိုသေးလို့လဲ..?

*ငါ့ဘဝ ကငါပိုင်တာမို့လို့ ဘယ်သူမှဝင်စွက်ဖက်စရာမလိုဘူး*

*လောကမှာ ကိုယ့်ဘက်က ဘာမှမမှားဘဲ ခေါင်းပြုတ်မတတ်တောင်းပန်ရတာမျိုး ငါကသိပ်မုန်းတာ!*

ဟူး....။
ဘာကြောင့်မှန်းမသိ ခေါင်းထဲရောက်လာတယ်။
ရောက်လာပြန်တော့လည်း ထုတ်မပစ်ချင်ဘူး။
ဘာတွေကများ.ဒီလောက်ထိ...?
သိချင်တယ်။
သူ့ဆီကပဲ သူ့ဘဝအကြောင်းကိုပြောပြတာကြားချင်တယ်။ အကြောင်းရင်းမရှိဘဲနဲ့ ဒီတိုင်း။

~~~

Sanbae တို့ရပ်ကွက်က လူနေကျပ်တယ်။
အိမ်ကလည်း လမ်းကြားလေးထဲ ဝင်ရတာမျိုးရယ်။
ခြံဝန်းနဲ့ ခပ်ထားတာမို့ လူခေါ်ဘဲလ်ကိုတစ်ချက်ဖိလိုက်တယ်။

Sanbae အိမ်ကိုအမှန်တော့ မရောက်ဖြစ်တာနည်းနည်းတော့ကြာပြီ။ Sanbae အမေ ဆေးရုံဆင်းတုန်းကလည်း မသွားရသေးတာဆိုတော့ ဒီနေ့ စုံစမ်းဖို့ Sanbae ကိုခေါ်ရင်းနဲ့ Ommonyi နဲ့တွေ့ရန်ရောက်လာခဲ့တာပါ။

ETERNITY [ 1 ]Donde viven las historias. Descúbrelo ahora