ဟိုတယ်နီးပါး ကျယ်သောခြံကျယ်ထဲ ကားအဖြူရောင်ကကွေ့ဝင်လာသည်။ အလယ်တည့်တည့်ရှိ ရေပန်းကြီးကတခမ်းတနား။ကိုယ် မေးခွန်းတွေဆက်တိုက်မေးပေမယ့် ဘေးနားကလူကတစ်ခွန်းတောင်ပြန်မပြောတာကြောင့် စောက်ရူးလိုအချေခံမနေတော့ဘဲ အဲ့ဒီလူခေါ်တဲ့နေရာကို လိုက်ခဲ့ပါတယ်။
သေချာကြည့်တော့မှ ဟိုတယ်လို အိမ်လို ခြံဝန်းကျယ်ကြီးက ဘာလားဟ..?
"ဆင်း.!"
ကားပေါ်က ဆင်းလိုက်ပြီး ထိုလူက အဲ့ဒီနေရာကြီးထဲဝင်သွားတော့သည်။ ကိုယ်ကလည်းနောက်ကလိုက်ရင်းပေါ့။
အိမ်ထဲဝင်လာတာနှင့် တလတ်လတ်တောက်ပနေသော မီးဆိုင်းကြီးက.Disney princess တွေနေတဲ့နန်းတော်ထဲက မီးဆိုင်းတွေလို လင်းလက်တောက်ပသည်။
"ဥက္ကဌကြီးက ဒီကနေတည့်တည့်သွားပြီး ဘယ်ဘက်ခြမ်းရှေ့ဆုံးက အခန်းထဲမှာပါ~ ဝင်သွားလိုက်ပါ..! မင်းကိုစောင့်နေပါလိမ့်မယ်.."
ကိုယ်လှည့်မေးမို့ကျန်ပေမယ့် အဲ့ဒီအရိုင်းအစိုင်းလူကအိမ်ပြင်တောင်ရောက်နေလောက်ပြီ။
Knock ✊🏻
ကျွန်းတံခါးကြီးက ကိုယ့်အရပ်နှစ်ပြန်လောက်ရှည်မည်ထင်။ တံခါးခေါက်လိုက်ပြီး အခန်းထဲဝင်သွားသည့်အခါ..ကိုယ်ခြေလှမ်းတွေ ရပ်တန့်သွားသည်။
အတော်အတန်ကြီးသည့် စာအုပ်စင်ကြီးက နံရံနှင့်အပြည့်ရှိပြီး အလယ်တွင် စာကြည့်စားပွဲကြီးက ထီးထီးကြီးရှိနေသည်။သို့ပေမယ့် ဘာ reaction ပေးရမှန်းမသိတာက ဒီအိမ်လိုလို ဟိုတယ်လိုလို အပြင်အဆင်ထက် စာကြည့်မျက်မှန် တလတ်လတ်ဖြင့် စာအုပ်ကို အသည်းအသန်ဖတ်နေသော အမျိုးသမီးကြောင့် ဆိုပိုမှန်မည်ဖြစ်တယ်။
ဘာကြောင့်..!?
ဖြည်းဖြည်းချင်း မော့ကြည့်လာတဲ့အမျိုးသမီးက ကိုယ့်ကိုတွေ့တော့ တပ်ထားသည့် စာကြည့်မျက်မှန်ကိုချွတ်လိုက်ပြီး.. ကိုယ့်ဆီသို့တစ်လှမ်းချင်းလျှောက်လာသည်။
ဘာမှကို လိုက်လို့မမှီတာ ကိုယ်တစ်ယောက်တည်းလား..?
မနေ့က စားသောက်ဆိုင်မှာ တွေ့ခဲ့တဲ့အမေ။မဟုတ်ဘူး။ အမျိုးသမီးက.ဘာကြောင့်ကိုယ့်ကို တွေ့ချင်နေခဲ့တာလဲ..?
ကိုယ်တို့ကြားထဲမှာ ဘာတွေရှိနေသေးလို့လဲ...?