အချိန်အားဖြင့် ညသန်းခေါင်ကွတ်တိ။
ညဉ့်နက်နေပြီးမို့. တစ်လမ်းလုံးကိုယ်တစ်ယောက်တည်းသာ။ရင်ဘက်ထဲမှာ မွန်းကျပ်နေပြီးအသက်ရှူပါကျပ်နေတာ။ လေးပင်နေတဲ့ခြေထောက်တွေက.အိမ်ပြန်ဖို့တွန်းကန်နေသလို။ပိုဆိုးတာက.အိမ်မှာရှိနေမယ့်.ကိုယ်အတွေ့ချင်ဆုံးလူနဲ့၊မတွေ့ချင်ဆုံးသူမကြောင့်ဆို ပိုမှန်မယ်။
ရင်ဘက်ထဲက ခံစားချက်က ပြိုတော့မယ့်မိုးလို။
အသဲကွဲတယ်လို့ ခေါင်းစဉ်တပ်ရအောင်လည်း.ကိုယ်နဲ့ထိုလူသားက သက်ဆိုင်သူတွေမှမဟုတ်ခဲ့ဘဲ။အသဲကွဲတာ.အရက်နဲ့ကုစားလို့ရတယ်ဆိုတဲ့စကားကိုပဲလက်ဆွဲယူပြီး.Bar ပဲသွားထိုင်ရမလား.? တွေးလိုက်တိုင်း.၊ကိုယ့်ကိုစိတ်ပူနေမည့်အဖေ့အားရုတ်ချည်းသတိရတဲ့အခါ..အဝင်ဆိုးတဲ့အရက်ကို မျက်ကွယ်ပြုလိုက်ပါတယ်။
အဲ့ဒီလေးကန်နေတဲ့ခြေထောက်တွေကနောက်ဆုံးတော့လည်းကိုယ့်ခြံထဲရောက်လာတော့တယ်။အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ရင်း..အိမ်ထဲဝင်လာခဲ့တယ်။
အဖေ့ဆုံးဖြတ်ချက်အတိုင်း ကိုယ်လေးစားမှာပါ။
"အဖေ"
ကိုယ့်အသံကြားတော့ ဧည့်ခန်းထဲမှာ အခုချိန်ထိမအိပ်ဘဲထိုင်စောင့်နေတဲ့အဖေက စိတ်ပူစွာအနားရောက်လာတယ်။
အဖေ့နောက်ကအမျိုးသမီးလည်းပါတာပေါ့။ကိုယ့်လက်နှစ်ဖက်ကို ကိုင်လိုက်တဲ့အဖေ့မျက်ဝန်းတွေက.တောင်းပန်တိုးလျှိုးနေသလို။
မတောင်းပန်ပါနဲ့~ အဖေ့အပြစ်တစ်ခုမှမပါတာမို့လို့.မတောင်းပန်ပါနဲ့*
✨
အဖေ့ဖြေရှင်းချက်ဆုံးတဲ့အခါ..တစ်ချိန်ကအမေဖြစ်ဖူးတဲ့သူမကလည်း ကိုယ့်ကိုငေးကြည့်တယ်။ကိုယ်က သားသမီးပဲ.မိဘဆုံးဖြတ်ချက်ကိုလက်ခံရမှာပေါ့..။
အဖေက အမေ့ကိုအခုချိန်ထိ ချစ်တုန်းဆိုတာ.ကိုယ်နားလည်ပါတယ်။ အဖေသာအတူတူပြန်နေချင်တယ်ဆိုရင်ကိုယ်လက်ခံမှာပါ။ကတောက်ကဆဖြစ်နေတဲ့ အမေနဲ့ကိုယ့်ကြားကဆက်ဆံရေးကိုတော့.ပြင်လို့မရတာကတစ်ပိုင်းပေါ့။