ချွတ်* ချွတ်*"အမေ့!"
လန့်ဖြန့်ပြီး အော်ချလိုက်တာ..။
ဘယ်နားက အသံလာမှန်းတောင်မသိလိုက်..။
ဖြတ်ခနဲလှည့်ကြည့်လိုက်တော့ ကိုယ့်ခါးလောက်ရှိတဲ့အပင်ပုတွေက လှုပ်သွားတာမြင်လိုက်မိတယ်..။တွန့်ဆုတ်တွန့်ဆုတ်နဲ့ ထိုအပင်တွေနားသွားမိတဲ့အခါ..လှုပ်နေသောအပင်ရဲ့အကိုင်းနောက်က...?
ဆောင့်ကြောင့်ထိုင်ထားပြီး အပင်ကိုအကာအကွယ်ယူက ပုန်းလျှိုးကွယ်လျှိုးလုပ်နေတဲ့ကလေးမလေးတစ်ယောက်။
ခပ်ဖြည်းဖြည်းသွားတဲ့ ကိုယ့်ခြေသံလုံတာကြောင့် ခေါင်းငုံ့ထားတဲ့အဲ့ဒီကလေးမလေးက မော့ကြည့်မလာသေး။တဆတ်ဆတ်တုန်နေပုံထောက်ရင်. တူတူပုန်းတမ်းဆော့နေတာတော့ မဖြစ်နိုင်၊နောက်ပြီး. ပုံစံကြည့်ရတာကောင်းတဲ့အခြေအနေမဟုတ်။
"ကလေးမ..!"
ပခုံးပေါ် လက်တင်လို့ ခပ်တိုးတိုးခေါ်လိုက်တဲ့အခါ..ရှိုက်သံခပ်ကြီးကြီး ထိုမိန်းကလေးဆီမှထွက်လာပြီး ကိုယ့်ကိုကြောက်အားလန့်အားမျက်လုံးပြူးကြည့်တယ်။
ဟင်!
ဒီမိန်းကလေးက...? Sanbae ပြတဲ့ဓာတ်ပုံထဲမိန်းကလေးပဲ။ ဆံပင်ကကြက်ဆံမြှီးကျစ်ထားတဲ့ကလေးမလေး။
လွန်ခဲ့လဲ့ သုံးနာရီလောက်ကမှ မြင်ခဲ့တဲ့ဓာတ်ပုံကို ကိုယ်အမြင်မှားတာလုံးဝမဟုတ်။ဒီကောင်မလေးက ဘယ်လိုဖြစ်ပြီး..?
ဟဲ့!*
အတင်းဆွဲချလိုက်တဲ့ ကလေးမက ကိုယ့်ထက်တောင်ပိုအားသန်မယ့်ပုံ။ကိုယ့်မှာသူမဘေးနားကသစ်ရွက်ခြောက်တွေပေါ်အပုံလိုက်ကလေး။ကိုယ့်ကိုသူ့ဘေးနား အတင်းဆွဲကပ်ထားပြီး.တိုးတိုးနေဆိုသည့်ပုံစံမျိုး၊နှုတ်ခမ်းပေါ်လက်ညှိုးတင်လို့ မျက်လုံးဖြင့်အချက်ပြသည့်နေရာက အပေါ်တည့်တည့်မှာ..ကိုယ့်တို့ကိုကျော်လွန်ပြီး ဟိုနောက်က ချုံပုတ်ထဲကိုလှမ်းကြည့်နေသည့်မုတ်ဆိတ်မွှေးရှည်နဲ့လူ။
ကိုယ်တို့ပုန်းနေဘက်ကို လှည့်ကြည့်လာတဲ့လူ။ ပြောရရင် ပုန်းနေတဲ့ အပင်ကတော်တော်လေးကြီးပြီး နွယ်တွေနဲ့ရှုပ်နေတာကြောင့် ကိုယ်နဲ့ကလေးမ နှစ်ယောက်စာလုံလုံလောက်လောက်ကာသည်။