[Song recommended:👆🏻]
Graphic designer နှင့်ချိန်းထားသည့်ကိစ္စရှိတာကြောင့် စားသောက်ဆိုင်တွင် ထိုင်စောင့်နေရင်း.ရုတ်ချည်းဝင်လာသည့်ဖုန်းကောလ်က..Jae Min" ဧည့်သည် မှာထားတာရ__"
Waiter ကောင်လေး၏စကားသံကို မကြားနိုင်စွာ ဆိုင်ထဲမှပြေးထွက်လာသည်။ ကားစက်နိုးလိုက်ပြီး lever ကိုဖိနင်းလိုက်သည်။
သူမ သတိရလာပြီတဲ့။
အခုချိန် သူ့ခေါင်းထဲတွင် designer နှင့်ချိန်းထားသည့်ကိစ္စလည်းမရှိတော့။ လူမှုရေးညံ့သည်ဟု သမုတ်ခံရလည်း မမှုအား။စိတ်လှုပ်ရှားမှုက ရင်နှင့်မဆန့်အောင်။
၂ ပတ်ကျော်လောက် မေ့မြောနေပြီးမှ ပြန်သတိရလာသည့်အခါ ဆရာဝန်၏စကားအရ သွေးထွက်လွန်ပြီး ဦးနှောက်ထဲသွေးရောက်မှုနည်းသည့်အခြေအနေမှ ကယ်တင်ခဲ့ရတာမို့ သူ့ကိုမေ့သွားမလား။ အကယ်၍များမမှတ်မိခဲ့ရင်လည်း သူကျေနပ်သည်။ ပြန်နိုးလာသည်ကိုပင် ဘုရားသခင်အား ကျေးဇူးတင်လို့မဆုံး။အလောတကြီး ထွက်လာခဲ့ပေမယ့် တကယ်တမ်းကျ အခန်းထဲဝင်ဖို့ရာ စိတ်လေးလံနေခဲ့သည်။ အားနာနေတာလား။ ဒါမှမဟုတ် ဖြူဖျော့ဖျော့ မျက်နှာလေးကို မြင်ချင်ပါလျက် မမြင်ရက်တာလား။ သူနားမလည်။
"ဝင်သွားလိုက်ပါ။Noona က Hyung ကိုရှာနေတယ်"
ရှာနေတယ်?
ဒါဆို သူမ မှတ်မိတာပေါ့။
Jae Min ကတော့ ထိုစကားတစ်ခွန်းပြောပြီး အခန်းထဲဝင်သွားတော့သည်။~~~
"Jae Min.နင်တစ်ယောက်တည်းလာတာလား?"
ကိုယ့်စကားကို Jae Min ကခေါင်းအသာအယာခါတယ်။ ပြီးတော့..
"Jung Kook Hyung လည်းပါတယ်" တဲ့။
" အဲ့ဒီကောင်က ဘာလာလုပ်တာလဲ?"
အယ်? အဖေ့ဆီက ပထမဆုံးကြားရတဲ့လေသံမာမာဖြင့်ပြောသည့်စကားက ဒါတဲ့လား။ မျှော်နေပေမယ့် ပေါ်မလာသည့်လူသားကို မြင်ချင်၍ဖင်တကြွကြွဖြစ်နေသော ကိုယ့်ကိုအဖေကသတိထားမိပုံပေါ်တော့ အချေအတင်စကားမျိုး ဆက်မပြောတော့။