📩 *** ဆိုင်မှာ စောင့်နေမယ်။
ဆက်ဆက်လာမယ်မလား..? ^.^မနေ့ညကပို့ထားသည့် Jae Min ဆီမှ message ကြောင့်
ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း..အကျအဖြူကိုဝတ်လိုက်သည်။ အောက်မှဂျင်းအပြာဘောင်းဘီနှင့်တွဲဝတ်တော့ နည်းနည်းတော့လိုက်ဖက်သလိုရှိသည်။ ဒူးလောက်ရှိသည့်အညိုရောင် long coatကိုတစ်ထပ် ဝတ်လိုက်တော့..အအေးဒဏ်ကိုကာကွယ်ပြီးသား.။ပုံမှန်အတိုင်း ခါးလောက်ရှိသည့်ဆံနွယ်တွေကိုခပ်မြင့်မြင့် စည်းလိုက်တော့.. ရှင်းလင်းသွားသည့် မှန်ထဲတွင်ပေါ်နေသောကိုယ့်မျက်နှာက ခပ်သေးသေးရယ်။
ခပ်ပါးပါးသာ လိမ်းထားသည့် မိတ်ကပ်က..ကိုယ့်မျက်နှာကိုကြည်လင်စေသည်။
အားလုံးပြင်ဆင်ပြီး..နံရံကပ် နာရီကိုတစ်ချက်အကြည့်ရောက်တော့ ညနေ ၄ နာရီအတိ။ဒီနေ့သွားစရာရှိတာကြောင့်အလုပ်မသွားဘဲ ခွင့်ယူထားခဲ့တာရယ်။
ဧည့်ခန်းထဲက စားပွဲပေါ်ရှိ ကားသော့ပိုက်ဆံအိတ်နှင့်..။ အင်း~ နောက်တစ်ခုက ပန်းစည်း..!
ကောက်ကိုင်လို့ ကိုယ်တိုက်ခန်းထဲက ထွက်လာခဲ့ပါတယ်။~~~~~~~❤️~~~~~~~
ဒီနေရာကို ရောက်ပြီးတော့မှ.. ပြန်လှည့်ရမလို။
ရောက်ပြီးပြီဘဲ. မထူးပါဘူးဆိုပြီး.ပေကပ်နေလိုက်သင့်လား.? ကိုယ့်ကိုငြင်းထားတဲ့လူဆီ တောက်တဲ့လို့ကပ်နေတယ်လို့ အထင်ခံရအုံးမှာလား..?အို! လာချင်လို့လာခဲ့ပြီးပြီပဲ.။
ဒီကိစ္စကြောင့်ခွင့်တောင်ယူထားမိတာလေ..။
မပြန်နိုင်ပါဘူး!ကိုယ့်အတွေးတို့ရောက်ရက်ခက်နေချိန်..အခန်းနံပါတ် A907 ကတီခနဲ အသံမြည်လို့ ထွက်လာသည့်လူသားရဲ့အံ့ဩသွားသည့် မျက်နှာလေးကြောင့်ကိုယ့်ဆုံးဖြတ်တွေသေချာသွားသည်။
သူ့လက်ထဲမှာလည်း အဖြူရောင်နှင်းဆီပန်းစည်းလေးက
ဝင့်ဝင့်ကြွားကြွား.။ပိုင်ရှင်ဟာ ကိုယ်မဟုတ်ဘူးဆိုသည့်ပုံစံမျိုး..လှောင်ရယ်နေသလို။"သွားရအောင်..! Jung kook ssi"
🍃
မနေ့က နှင်းတွေထူသလောက်။ ဒီနေ့ကတော့နှင်းဆိုလို့တစ်မှုန်တောင် မတွေ့ရ။ ကုန်းမြင့်ပိုင်းဖြစ်တာကြောင့်အပြင်၊ဆောင်းလေတချို့ပါ ရောနှောနေသောကြောင့်. Long coat အထူကြီးဝတ်လာတာ.မှန်သွားသလို။