[Song recommended:👆🏻]အပေါ် အောက်အနက်၊ ဦးထုပ်အနက်ဆောင်းထားသည့်အပြင် mask အနက်ကိုပါတပ်ထားသောကြောင့်မသိရင် ပါပါရာဇီလို။
Ticket ကိုကိုင်လိုက်ရင်း Japan သွားရမည့် counter ဆီကုတ်ချောင်းချောင်းနှင့်လိုက်ရသည်။ ၇ ယောက်အကျော်ကလူ Ticket ဖျက်ပြီးသွားသည့်အချိန်မှ ကိုယ်သက်ပြင်းရှည်ကြီး ချမိသည်။
တော်သေးတာပေါ့..။ မမိသွားဘူး။
Passenger တွေစောင့်တဲ့နေရာတွင် ထိုင်စောင့်နေသော လူသား ကပေါ့ပေါ့ပါးပါး PUMA ဝတ်စုံပြည့်ဖြင့် သားနားနေတော့တာ။ကိုယ့်ဘက်ကိုလှည့်လာသည့် ထိုလူသား မမြင်နိုင်ရန် ဆွဲမိဆွဲရာ pamphlet နှင့် မျက်နှာကိုကွယ်လိုက်သည်။ Mask ရောဦးထုပ်ပါဆောင်းထားရက်နှင့် အရမ်းကို serious ဖြစ်နေသော ကိုယ်ရယ်ပါ။
*ခရီးသည်များ လေယာဉ်ပေါ် နေရာယူလို့ရပါပြီ*
ဟင်း..ခနဲ သက်ပြင်းရှည်ချလိုက်ရင်း လေယာဉ်တက်သွားသည့် လူသားကျောပြင် ပျောက်ကွယ်သွားတာ သေချာမှ ကိုယ် လေယာဉ်ပေါ်တက်လာခဲ့လိုက်သည်။
Surprise လုပ်တာလည်းမလွယ်ပါလား.။
VIP seat တွင်နေရာယူပြီးသားသူကို ဖြတ်သွားရင်း မသိမသာခိုးကြည့်မိသေး၏။ကိုယ်လိုက်လာတာ သူမသိအောင် ရိုးရိုးတန်းကို တမင်မှာထားခြင်းမို့ ထိုင်ခုံကို တွေ့တော့မှ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း.. ဦးထုပ်ကိုချွတ်လိုက်တော့သည်။ ဘေးလူကတော့ အထူးအဆန်းဆိုပြီး ကိုယ့်ကိုကြည့်နေတာ။
#Ring
" အမေ"
" ..."
" အာ~
အဆင်ပြေပါတယ် အခုပဲ လေယာဉ်ထွက်တော့မယ်!"" ...."
နှစ်ကိုယ်ကြားရုံအသံဖြင့် ဆိုသော်လည်း အမေ့ဆီက Good luck ဆိုသည့်အသံကြီးက ဘေးကငိုက်နေသောလူတောင် မျက်စိကြောင်သွားလေရဲ့။
အင်း..။ အဆင်ပြေနေတော့တာပဲ။
လမ်းတစ်လျှောက်လုံး Japan မြန်မြန်ရောက်ပါစေပဲ ဆုတောင်းနေမိတော့သည်။