#Jindo ဆိပ်ကမ်းမှာ သင်္ဘောနံပါတ် R-4 နဲ့ 5 ကမ်းကပ်မယ်။ကားတွေအဆင်သင့်လုပ်ခိုင်းထား..!*
#အတိမ်းအစောင်း မဖြစ်စေနဲ့!!*တစ်ဖက်က ပြန်ဖြေသည့်ဖုန်းသံက ပြတ်တောင်းတောင်းနဲ့။
Recording ဆုံးတော့ Sanbae ကစကားစတယ်။"Min Yoongi ဆီက mail ရခဲ့တာ..
အဲ့ဒါဒီနေ့ Jindo အမှီသွားပြီး အဲ့ဒီကိစ္စကို အဆုံးသတ်ရအောင်..၊ Jindo ကရဲမှူးကို ဖုန်းဆက်ပြီးပြီ.. ငါတို့အချိန်မှီရောက်တာနဲ့ ကိစ္စပြီးပြီ""Sanbae နဲ့ Jimin အရင်သွားနှင့်ပါ ကျွန်မ နောက်ကလိုက်ခဲ့မယ်"
Jimin ကခေါင်းတစ်ချက်ငြိမ့်ပြလာသည်။
"လိုက်မယ်?"
အဲ။ ကိုယ့်တို့စကားဝိုင်းထဲ အပြင်လူလိုဖြစ်နေသော Jung Kook ဆီကအသံထွက်လာသည်။ မျက်မှောင်ကျုံ့လို့ Sanbae ကိုတစ်လှည့် ကိုယ့်ကိုတစ်လှည့်ကြည့်နေတော့တာ။
"မင်းကိုယ်မင်းနေမကောင်းတာရော သိလား?"
" ကျွန်မ အခုသက်သာနေပါပြီ. အခုအမှုကလည်းဒီတိုင်းလိုက်ရုံပဲ။ ဘာမှလုပ်စရာမလိုဘူး။ ရဲချုပ်က တာဝန်ရှိသူတွေကိုပဲ လွှဲထားတာရယ်။ နောက်ပြီး Jindo မှာ Tae Hyung လည်းရှိတယ်လေ။ Jung Kook စိတ်မပူပါနဲ့"
"Tae Hyung!?"
"ဘယ်လို ကောင်လဲ?
ဘယ်လိုကောင်မို့လို့ မင်းကယုံကြည်နေရတာလဲ??ဟမ်!"လက်ပတ်နာရီ ဝတ်လိုက်ရင်း.. အပေါ်ထပ်ကုတ်အနက်ကိုပါတစ်ချက်ခါလို့ ဝတ်လိုက်တယ်။ တဖြည်းဖြည်းအသံမာလာတဲ့ Jung Kook ကြောင့် Sanbae နဲ့ Jimin ကပါဇက်ကလေးပုလို့။ Jung kook ကတော့ကိုယ့်ကို မျက်ထောင့်ကြီးနဲ့ ကြည့်နေတော့တာ။
"Tae Hyung က အလယ်တန်းတုန်းကကျွန်မသူငယ်ချင်း။
အခုတော့ Jindo ဆိပ်ကမ်းရဲ့ လုံခြုံရေးမှူးပေါ့"ကိုယ်ပြောတာကိုတော့ နားထောင်သော်လည်းကျုံ့ထားသည့်မျက်ခုံးနှစ်ဖက်က ပြေလျော့မသွားသေး။ Jindo သွားတာတော့ ဟုတ်ပါတယ်။ ကားနဲ့သွားဖို့ရာ ကိုယ့်ကားသော့တောင် ဘယ်မှာမှန်းမသိ။
"Sanbae ကျွန်မ key?"
" ဘာ key လဲ??"