" တံခါးလာခေါက်သူ ''
*** အခန်း ( ၁ ) ***
မိုးစက်ကလေးများက တစ်ဖွဲဖွဲလေးကျနေတော့သည် ရာသီဥတုလေးမှာ စိုစွတ်သောရာသီဖြစ်၍ နေရာတိုင်း၌စိမ်းစိုလှပနေသော်လည်း မြေပြင်လေးမှာတော့ အချို့နေရာလေးမှာ ဗွက်ကလေးများထ၍ အချို့နေရာမှတော့ ရေစက်လေးများ၊ရေအိုင်လေးများလည်းအနည်းငယ်ရှိနေလေတော့သည်။ ထိုရာသီမျိုးမှာတော့ လူတော်တော်များများကတော့ အပြင်ထွက်ရာမှာ ပျင်းတဲ့လူတွေကတော့ ခပ်များများရှိပါသည်။ သို့သော်လည်း ထိုမိုးဖွဲဖွဲလေးကျနေတာကိုပင် အလွန်နှစ်သက်သော သူတွေလည်း ရှိကြပြန်ပေသည်။
ဟုတ်ပါသည် ထိုကဲ့သို့ စိုစွတ်နေသောမြေပြင်လေးနှင့် မိုးရာသီလေးမှာ မိုးလေးတစ်ဖွဲဖွဲကျနေသောအချိန်မှာ ဆိုင်ကယ်စီးရတာကို ကြိုက်နှစ်သက်တဲ့သူကတော့ '' စစ်နိုင်ငံ့ '' ပါ။ အသက်က နှစ်ဆယ့်သုံးနှစ်ခန့်ရှိပြီး အရပ်ကတော့ ငါးပေ ဆယ်လက်မခန့်ရှိသောကြောင့် အရပ်မြင့်ပါတယ်ဟုပြောလို့သော အစားထဲမှာလည်းပါပေသည်။ အားကစားလုပ်ထားသော အကျိုးကျေးဇူးတွေကြောင့်လည်း ခန္ဓာကိုယ်မှာ အဆီပိုတွေမရှိလဲ ကျစ်လစ်သန်မာကာ ကြည့်ကောင်းသောကိုယ်ဟန်အနေအထားလေးလည်း ပိုင်ဆိုင်ထားပေသည်။
လူငယ်မဟုတ် လူလတ်ပိုင်းမကျသူလေးက အနည်းငယ်လည်း ဂျစ်တစ်တစ်ဆန်ပါပေတယ်။ မျက်နှာလေးကတော့ နှာခေါင်းစင်းစင်းနဲ့မျက်ခုံးလေးလည်းအနည်းငယ်ထူကာ ကုလားစင်လေးနဲ့ ခပ်စင်စင်ရယ်ပါ။ အသားရည်မှာလည်း ခပ်လတ်လတ်လေးဖြစ်နေတော့ ချောတယ်လို့ပြောလို့ရတဲ့အတန်းစားထဲကပါနေလေတော့သည်။
ယခုလည်း စစ်နိုင်ငံ့တစ်ယောက် မိုးဖွဲလေးမှာ ဆိုင်ကယ်လေးကိုစီးဖို့ ထွက်လာခဲ့ပေတော့သည်။ ယနေ့သူ့စိတ်လေးတွေမွန်းကြပ်နေတာလည်း ပါပါပေသည်။ မွန်းကြပ်မှုလေးတွေရှိလာတိုင်းလည်း ဆိုင်ကယ်ထွက်စီးပြီး လေကောင်းလေသန့်လေတွေရှု၍ သူ့ရဲ့မွန်းကြပ်မှုတို့ကို ဖြေဖျောက်ပစ်တက်တာကလည်း စစ်နိုင်ငံ့ရဲ့ဝါသနာပါ။ လူငယ်ပီပီ ဂျစ်တစ်တစ်နေထိုင်တက်ပေမဲ့ အရိုင်းစိုင်းတစ်ယောက်တော့မဟုတ်ပါပေ။
တက္ကသိုလ်တတိယနှစ် စီးပွားရေးသိပ္ပံအထူးပြုကျောင်းသားတစ်ယောက်ပါ။ မိဘတွေကလည်း မျိုးဂုဏ်ရိုးဂုဏ်ရှိ၍ အောင်မြင်ကျော်ကြားသော စီးပွားရေးသမားတွေပါ။ သို့သော်လည်း သားကိုတော့ သီးသန့်တိုက်ခန်းလေးဝယ်ပေးပြီး နေစေလေသည်။ ဒါကလည်း မိဘတွေမှာဘဲ အမြဲတစေအားကိုးမနေစေချင်လို့ ဆန္ဒလည်းပါသလို စစ်နိုင်ငံ့ကလည်း အခုလိုမျိုးနေရတာကို ပိုနှစ်သက်လေသည်။
YOU ARE READING
တံခါးလာခေါက်သူ ( Completed )
General Fictionတကယ်တော့ အချစ်တစ်ခုမှာ ကန့်သတ်ချက်တွေ၊ ရှေးမျိုးရိုးအစဥ်လာတွေ မရှိဘူး။ အမှန်တကယ်ချစ်ကြလျှင် အချစ်တစ်ခုဟာ ရသမြောက်တယ်။ အချစ်တစ်ခုရသမြောက်ဖို့ကလည်း ကာရံကဗျာကလည်း လိုသေးတယ်။ ကာရံကဗျာဆိုတာကတော့ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ မိသားစုတွေပေါ့။ တကယ်တမ်းအချစ်စ...