"တံခါးလာခေါက်သူ " အပိုင်း ( ၁၈ )

340 27 2
                                    

" တံခါးလာခေါက်သူ "

          အခန်း ( ၁၈ )

        အခန်းရောက်တော့ လပြည့်တစ်ယောက် သူ့အခန်းသို့ အမြန်ပင်ပြေးသွားလေတော့သည်။ စစ်နိုင်ငံ့လည်း ဧည့်ခန်းမျာပင် ဘုန်းကနဲ ထိုင်ချလိုက်မိလေတော့သည်။

" ငါဘာတွေလုပ်မိသွားတာလဲ ငါဘာတွေပြောလိုက်တာလဲ ငါဘာလို့ သူ့ကို..... "

" ဟိုကောင်တွေပြောသလိုဘဲ ငါတကယ်ချစ်ပြီး မထိန်းနိုင်လို့ ပြောတာလား အဲ့တာတွေမသိဘူး သေချာတာကတော့ မင်းကိုယ့်အနားကနေ ဘယ်မှပေးမသွားနိုင်ဘူး "

       စစ်နိုင်ငံ့တစ်ယောက် တွေးရင်းနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်လာလေတော့သည်။ လပြည့်အခန်းတံခါးကို သူသွားခေါက်လေတော့သည်။

" ဒေါက်.... ဒေါက်....ဒေါက်.. "

" ညီ လပြည့်.... လပြည့် "

" ဘာလဲ ကိုစစ် "

" အပြင်ခဏထွက်လာပါဦးကွာ "

" ညီနားချင်ပြီး ကိုစစ် "

       လပြည့်သူ့ကိုရှောင်မှန်း သူသိလိုက်ပါပြီး တကယ်လည်း လပြည့်က ဘာမှသေချာမသိသေးသော ကလေးမဟုတ် လူကြီးမဟုတ်အရွယ်လေးပါ။ လပြည့်ကို သူချစ်တာရော သေချာလား သူ့ဘေးမှာ အခြားတစ်ယောက်ကို မရှိစေချင်တာလောက်နဲ့ အချစ်လို့ခေါ်လို့ရလား။ သူ့ကိုအနားမှာ ရှိနေစေချင်တာနဲ့ရော အချစ်တဲ့လားကွာ။

        လပြည့်တစ်ယောက် စစ်နိုင်ငံ့ပြောသောစကားများကို ပြန်လည်ကြားယောင်နေတော့သည်။

" ဘာဖြစ်လဲ ယောင်္ကျားလေးအချင်းချင်းကရော နမ်းလို့မရဘူးလား ကိုယ်မင်းကိုချစ်တယ် "

         ထိုစကားလုံးတွေသာ လပြည့်ခဏခဏပြန်ကြားနေရလေတော့သည်။ သူ၏စိတ်ထဲမှာလည်း နေရတာ တစ်မျိုးလေး ခံစားနေရသည်။ စစ်နိုင်ငံ့မျက်နှာကိုမြင်တိုင်း မိခင်ဖြစ်သူ၏စကားနဲ့ စစ်နိုင်ငံ့၏မိခင်ဖြစ်သူ စကားတွေကိုလည်း ပြန်ကြားယောင်လာသည်။

" သား သားက ဘာကိုသိထားရမလဲဆိုတော့ သားက ဧည့်သည်ဘဲ အဲ့တော့ ဧည့်သည်တွေဟာ အိမ်ရှင်ကြည်ဖြူဖို့လိုတယ် အချိန်တန်ရင် သားက အိမ်ပြန်ရမဲ့သူ ခဏတာနေတဲ့အတွင်းမှာ ဘာအမှားမှမကျူးလွန်မိအောင်သားကနေဟုတ်ပြီးလား ပြီးတော့ ဧည့်သည်တွေဟာ အချိန်တန် အိမ်ပြန်ရမယ် အဲ့တာကိုတွေးတာ ကိုယ်နဲ့တန်ရာ တန်ရာမှာဘဲနားသား သူအထူး၏ ကျေးဇူးဂုဏ်ကိုလည်း မမေ့နဲ့ "

တံခါးလာခေါက်သူ ( Completed )Where stories live. Discover now