" တံခါးလာခေါက်သူ "
အခန်း ( ၁၁ )
နံနက်မိုးလင်းတော့ မျက်နှာသစ်ရေချိုးပြီး အခန်းကထွက်တော့ ပါမုန့်မီးကင်တစ်ချပ်ရယ်၊ ကြက်ဥဟက်ဘွိုင်တစ်လုံးရယ်၊ ကြက်အူချောင်းနှစ်ချောင်းရယ်၊ ကော်ဖီတစ်ခွက်ရယ်က အဆင့်သင့် သူ့အားစောင့်ကြိုနေလေတော့ စစ်နိုင်ငံ့တစ်ယောက် ပြုံးလိုက်မိသည်။
" ဒီကောင်လေး တကယ်လည်း အားကိုးရပါလား "
သူနှုတ်ကနေထွက်ပြီးတောင် ပြောလိုက်မိသေးသည်။ ဒါပေမဲ့ နည်းနည်းများထူးဆန်းနေသလိုပါဘဲ လပြည့်တစ်ယောက် တိတ်ဆိတ်နေလေသည် ပုံမှန်ဆို သီချင်းလေးဖွင့်ပြီး ချက်ပြုတ်နေမယ် ဒါမှမဟုတ် ကျောင်းကိစ္စနဲ့ လုံးပန်းနေသော လပြည့်က ဒီနေ့မှာ ထူးထူးဆန်းဆန်း ငြိမ်သက်နေလေတော့သည်။ စိတ်ထဲတစ်မျိုးဖြစ်၍ သူ့အခန်းတံခါးအား သွားခေါက်ကြည့်မိလေသည်။
" ဒေါက်....ဒေါက်....ဒေါက်...."
" လပြည့်....ညီ.... ညီ... "
တံခါးလည်းခေါက်သလို နာမည်ခေါ်လည်း မထူးတာမို့ စစ်နိုင်ငံ့အခန်းတံခါးအားတွန်းဖွင့်လိုက်လေသည်။ အခန်းထဲမှာလည်း သူမရှိနေပါပေ။
" ဟင်ဒီကောင်လေး ဘယ်တွေသွားနေတာလဲ မနက်စောစောကို "
စစ်နိုင်ငံ့တစ်ယောက် နားမလည်နိုင်စွာ ဖြစ်ရပေသည်။ တစ်ခါမှ အခုလိုစောစောစီးစီး အပြင်တွေမသွားဖူးပေ။ တစ်ခါတစ်ရံကိစ္စရှိတာတောင် ပြောသွားလေသည်။ အခုက ဘာကိစ္စများရှိနေတာလဲ။
" မေမေရယ် သားအဆင်ပြေပါတယ် သားလေ အလုပ်လေးတစ်ခုလည်း လုပ်ချင်တယ်သိလား "
" သားရယ် ကျောင်းဘဲတက်ပါ သားကျောင်းပြီးလို့ ပညာတွေတက်တော့ အလုပ်ကောင်းကောင်းရမှာလေ အဲ့အခါမှ အမေ့တို့ကို တစ်ဖန်ပြန်လုပ်ကျွေးပေါ့ အခုတော့ သားကျောင်းကိုဘဲ တက်ပါ စာဘဲကောင်းကောင်းသင်နော်သား "
" မေမေတို့ကို သနားလို့ပါသားရယ် "
" မေမေတို့က အဆင်ပြေပါတယ်သားရယ် သားသာ သားပြောတဲ့ကောင်လေးနဲ့အဆင်ပြေအောင်နေ သူ့ကိုလည်း ဒုက္ခမပေးနဲ့ ကြားလား ဘာဘဲဖြစ်ဖြစ် သူလည်းကျေးဇူးရှင်ဘဲ လုပ်ပေးနိုင်တာ အကုန်လုပ်ပေးနော် "
YOU ARE READING
တံခါးလာခေါက်သူ ( Completed )
General Fictionတကယ်တော့ အချစ်တစ်ခုမှာ ကန့်သတ်ချက်တွေ၊ ရှေးမျိုးရိုးအစဥ်လာတွေ မရှိဘူး။ အမှန်တကယ်ချစ်ကြလျှင် အချစ်တစ်ခုဟာ ရသမြောက်တယ်။ အချစ်တစ်ခုရသမြောက်ဖို့ကလည်း ကာရံကဗျာကလည်း လိုသေးတယ်။ ကာရံကဗျာဆိုတာကတော့ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ မိသားစုတွေပေါ့။ တကယ်တမ်းအချစ်စ...