" တံခါးလာခေါက်သူ " အပိုင်း ( ၁၉ )

321 22 2
                                    

" တံခါးလာခေါက်သူ "

           အခန်း ( ၁၉ )

       ညစာလေးကိုအတူတူစားနေရင်း တံခါးလာခေါက်သံကြောင့် တစ်ယောက်ကို တစ်ယောက်မျက်နှာကြည့်ရင်း ဘယ်သူလဲဆိုတာကို မျက်စဖြင့် မေးမိလိုက်ကြလေသည်။ လပြည့်ကပင်ထပြီး တံခါးသွားဖွင့်တော့ အလှဆုံးပြင်ထားသော နှင်းဆီမေကို တွေ့လိုက်ရလေတော့သည်။

" ဟင် မနှင်းဆီမေ "

" ဟုတ်တယ်လေ လပြည့် ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး "

" သြော် ညစာစားနေကြတာဘဲ ဘာလဲ မောင် မေ့ကိုတောင် ထမင်းစားမခေါ်တော့ဘူးလား "

      ချိုပြစ်ချွဲနွဲ့စွာနှင့် ပြောဆိုပြီး ထမင်းစားနေရာသို့ တန်းကနဲ ဝင်လာသော နှင်းဆီမေကြောင့် စစ်နိုင်ငံ့ စိတ်ပျက်မိသွားလေသည်။ အခုနောက်ပိုင်း အတော်လေး စိတ်ပျက်လာမိလေတော့သည် အတော်လေးလည်း ရဲတင်းလာပြီးဟု သူထင်မိလေသည်။ 

" ဘာလာလုပ်တာလဲ နှင်းဆီမေ "

" ဟင် မောင်ရယ် မေ့ကို ဘယ်လိုတွေပြောလိုက်တာလဲ "

" ကြားတဲ့အတိုင်းဘဲလေကွာ "

" မေက မေ့ရည်းစားအခန်း မေလာတာလေ ဘာများဖြစ်သွားလို့လဲ "

" တော်တော့ မေ မင်းနဲ့ငါဟာ ရည်းစားတွေမဟုတ်တော့ဘူး ပြီးခဲ့တာလည်းပြီးခဲ့ပြီးပြီး အခုမှ ပြန်ပြီးအစမဖော်နေပါနဲ့ "

" မောင်ရယ် မောင်လေ မေ့ကိုစိတ်ဆိုးနေလို့ဆိုတာ မေသိပါတယ် မောင်ခဏတာ မေ့ကို စိတ်ဆိုးနေတာပါ မဟုတ်လား "

" စိတ်လည်းမဆိုးဘူး စိတ်လည်းမနာဘူး ဒါပေမဲ့ မင်းနဲ့ကပြီးသွားပြီးလေ ပြန်မဆက်ချင်ဘူး "

" အခန်းလေးလာတာ ဒီလောက်တောင်​ပြောရတာလား မောင်ရယ် "

" နောက်ဆိုမလာပါနဲ့တော့ ငါမကြိုက်ဘူး "

" ဘာလို့လဲမောင် "

" မကြိုက်လို့ ပြီးတော့ ငါအရမ်းချစ်ရမဲ့သူလည်း ရှိနေပြီး သူ့ကိုမင်းကြောင့်နဲ့ မပေးခံစားစေချင်ဘူး "

" အဲ့ကောင်မက ဘယ်သူလဲမောင် မောင်ညာနေတာမဟုတ်လား မောင်ကမေ့ကိုဘဲချစ်တာပါ မေသိပါတယ် "

တံခါးလာခေါက်သူ ( Completed )Where stories live. Discover now