" တံခါးလာခေါက်သူ " အပိုင်း ( ၈ )

363 26 3
                                    

" တံခါးလာခေါက်သူ ''

      အခန်း ( ၈ )

" ညီ တစ်ယောက်တည်းလား ''

        အနောက်ကနေ ခေါ်လိုက်သော အသံကြောင့် ဘုန်းလပြည့်တစ်ယောက် လှည့်ကြည့်လိုက်တော့ တစ်နေ့က ဇွဲဆက်သော် မိတ်ဆက်ပေးသော ကိုစိုင်းသုတ ဖြစ်နေသည်။

" ဟုတ် အစ်ကို တစ်ယောက်တည်းဘဲ ''

       လိုအပ်တာလေးရှိလို့ လမ်းထိပ်က စတိုးဆိုင်လေးဆီသို့ ဘုန်းလပြည့်ထွက်လာခြင်းပါ။ စတိုးဆိုင်လေးဆိုပေမဲ့ mini market လောက်ရှိပြီး တော်တော်လေးစုံလင်ပါသည်။

" ဘာတွေရှာနေတာလဲ ''

" ရေချိုးအသုံးဆောင်လေးရယ် စာရေးကိရိယာလေးရယ်ပါ ကိုစိုင်းသုတ ''

" ကိုသုတလို့ဘဲ ခေါ်ပါ ရင်းနှီးသလို ခံစားရတာပေါ့ ''

" ဟုတ်ကဲ့ပါဗျ ဒါနဲ့ အစ်ကိုကရော ''

" ဟိုလက်လမ်းကနေ သွားစရာလေးရှိလို့ သွားပြီးပြန်လာတာ ညီ့ကိုတွေ့တာနဲ့ လာနှုတ်ဆက်တာလေ ''

" ဟာ အစ်ကိုရာ တကူးတကကြီးကို ''

" အဲ့လိုလည်း မဟုတ်ပါဘူးညီရာ ''

" အင်းပါ ဘာဘဲဖြစ်ဖြစ် လာနှုတ်ဆက်ပေးလို့ ခင်မင်ပေးလို့ ကျေးဇူးပါ ''

" ဝယ်ပြီးရင် အချိန်ရလား တစ်လမ်းကျော်မှာ တစ်ခုခုစားရင် စကားလေးပြောရအောင်လေ ''

" အချိန်ကတော့ အများကြီး မရဘူးဗျ ''

" နာရီဝက်လောက်ဆိုရင်ရော ''

" အဲ့လောက်ဆိုရင်တော့ ဖြစ်တယ် ''

" အိုကေလေ ''

     စိုင်းသုတက ပြောလာတော့ ဘုန်းလပြည့်လည်း ငြင်းဖို့ မတက်သာပေ။ ကိုယ့်ကိုခင်မင်လို့ တကူးတက လာရောက်နှုတ်ဆက်ပြီး စကားပြောချင်တယ်ဆိုတော့ ငြင်းလိုက်ရင်လည်း ရိုင်းတယ်ဖြစ်မှာလေ။ ဘုန်းလပြည့်လည်း လိုတာလေးတွေ ခပ်သွက်သွက်ဝယ်၍ စိုင်းသုတရဲ့ ကားနဲ့ပင် လိုက်သွားလေတော့သည်။

  " ဒီဆိုင်လေးက လူငယ်အကြိုက်လေ ''

       တကယ်လည်း ဟုတ်ပါတယ် ဆိုင်ရဲ့ အပြင်အဆင်တွေက အရမ်းကို တစ်မျိုးဆန်းပြီး လူငယ်လေးတွေကို ဆွဲဆောင်နိုင်ပေသည်။ ဖျော်ရည်မျိုးစုံနဲ့ ကော်ဖီတွေရတာပါ အရသာလည်းရှိသလို ဒီဇိုင်းအဆန်းလေးတွေကြောင့် စျေးကအတော်အသင့်များနေပေမဲ့ လူငယ်တွေက လာရောက်စားသောက်ကြပါသည်။

တံခါးလာခေါက်သူ ( Completed )Where stories live. Discover now