" တံခါးလာခေါက်သူ ''
အခန်း ( ၅ )
ဇွဲဆက်သော်နှင့် ဘုန်းလပြည့်တို့နှစ်ယောက် စာသင်ခန်းလေးမှာ အတူတူပင်ထိုင်ဖြစ်ကြလေသည်။
" လပြည့် ''
" ပြောလေ ဇွဲဆက် ''
" သဘန်ခါအားလား ''
" အားပါတယ် ဘာလို့လဲ ''
" ငါနဲ့အတူတူ စျေးဝယ်လိုက်ခဲ့ပါလားကွ ''
" အေး ရတယ်လေ ငါလည်း သွားဝယ်ချင်နေတာ လိုတာလေးတွေနည်းနည်းတော့ ရှိသေးတာ ''
" အေး ငါသွားမှာက ကုန်တိုက်မဟုတ်ဘူးနော် လမ်းဘေးဈေးတစ်နေရာ အဲ့နေရာက ဈေးသက်သာတယ်လေ ငါတို့လို့ ချွေတာသုံးနေရတဲ့လူတွေအတွက် အဆင်ပြေတယ်လေ ''
" အဲ့လိုနေရာက ရှိတာလား ''
" အေး ရှိတယ် ငါ့အသိအစ်ကိုတစ်ယောက်က ခေါ်သွပေးမယ်တဲ့ ''
" ဟုတ်လား ''
" အေးဆို ''
" အဲ့တာဆိုလည်း သွားကျတာပေါ့ကွာ ''
" အေး သဘန်ခါ ဘယ်မှာဆုံးမှာလဲ ''
" မင်းနေတဲ့လမ်းထိပ်မှာငါလာခေါ်မယ်လေ ''
" အေး မဆိုးဘူး ''
" အိုကေ အဲ့လိုဘဲ လုပ်ကြတာပေါ့ ''
ထို့နောက် နှစ်ယောက်သား စာသင်ချိန်ပြီးတော့ အတန်းဆင်းလာကြလေတော့သည်။
" လပြည့် ညီ ''
" ဟုတ် ကိုစစ် ''
" သဘန်ခါ အားတယ်မဟုတ်လား ''
" ဟင် ဘာဖြစ်လို့လဲ ''
" မေးကြည့်တာပါ ''
" ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာ ''
" သြော် ဘယ်သွားမလို့လဲကွ ''
" စျေးသွားမလို့ သူငယ်ချင်း လာခေါ်မှာ ''
" ဘယ်သူလဲ ဟိုတစ်ယောက်လား ''
" ဟုတ် ဇွဲဆက်သော်လေ ''
" အေးပါ စောစောပြန်လာဦး ''
"ဟုတ် ''
" မင်းသော့ပိုယူထားနော် အရေးအကြောင်းဆို သွားလာရ အဆင်ပြေအောင် ''
YOU ARE READING
တံခါးလာခေါက်သူ ( Completed )
General Fictionတကယ်တော့ အချစ်တစ်ခုမှာ ကန့်သတ်ချက်တွေ၊ ရှေးမျိုးရိုးအစဥ်လာတွေ မရှိဘူး။ အမှန်တကယ်ချစ်ကြလျှင် အချစ်တစ်ခုဟာ ရသမြောက်တယ်။ အချစ်တစ်ခုရသမြောက်ဖို့ကလည်း ကာရံကဗျာကလည်း လိုသေးတယ်။ ကာရံကဗျာဆိုတာကတော့ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ မိသားစုတွေပေါ့။ တကယ်တမ်းအချစ်စ...