" တံခါးလာခေါက်သူ " အပိုင်း ( ၂၁ )

319 21 2
                                    

" တံခါးလာခေါက်သူ "

        အခန်း ( ၂၁ )

  " မင်းကိုပြောထားသားဘဲ နည်းနည်းဆို မင်းရဲ့ဒေါသကိုမှ မထိန်းတာ " ဟိန်းထက်ဇော်က စစ်နိုင်ငံ့ကို ပြောနေလေတော့သည်။

" ဟိုဘဲကြီးက ကြားကနေ အမှတ်ဝင်ယူနေတာကရော မင်းမပြောတော့ဘူးလား "

" ဟာ ဟိုတစ်ယောက်ကိုချည်း အပြစ်မပြောနေနဲ့ လပြည့်ကရော မင်းကိုချစ်ပါတယ်လို့ ပြန်ပြောနေပြီးလို့လားကွ ပြီးတော့ မင်းတို့က ချစ်သူတွေမဟုတ်သေးဘူးလေကွာ အဲ့တော့ ပြောရရင် သူလည်း ကြိုးစားခွင့်ရှိတာဘဲ "

" ဟိန်းထက်ဇော်ပြောတာ မှန်တယ်နော် သားကြီး မင်းအခုလိုဆက်လုပ်နေရင် လပြည့်မင်းကို တစ်ဖြည်းဖြည်းမုန်းပြီး ကိုစိုင်းနောက်ပါသွားမှာ " သူရိန်ဝင်းကပါပြောလေတော့သည်။

" အဲ့လိုအဖြစ်ခံမလား ငါလိုက်သတ်မှာ အဲ့ကောင်ကို "

" တွေ့လား ပြောနေရင်းနဲ့ ဖောက်လာပြန်ပြီး မင်းက "

" ဟာ ကိုယ်ချစ်သူကိုလုသွားတာကို ငါကငြိမ်ခံနေရမှာလား ငဟိန်းရ "

" ငါပြောတာမင်းအခုလိုပုံစံနဲ့ လပြည့်ကိုရမှာ မဟုတ်ဘူး လပြည့်က ပညာရှိနည်းနဲ့ ကိုင်တွယ်မှရမှာ "

" ဟိန်းထက်ဇော် ပြောတာမှန်တယ် နိုင်ငံ့ "  သူရိန်ဝင်းကပါ ထောက်ခံနေလေတော့သည်။

" ပြီးတော့ အခုက လပြည့်ကမင်းအနားမှာ နေနေတယ်ဆိုတာ မင်းရဲ့စာချုပ်ကြောင့်ဆိုတာလည်း မမေ့နဲ့ ပြီးတော့မင်းအမေရဲ့စကားက ရှိသေးတယ် သူ့ကိုဘာတွေပြောထားလဲ မသိသေးဘူးလေ "

" အေး အဲ့တာဘဲ ငါလည်း သိချင်နေတာ အမေက သူ့ကိုဘာတွေပြောထားလဲမသိဘူး "

" အဲ့တာက နောက်ကိစ္စ မင်းအခုပြင်ရမှာက ဖြစ်လာတိုင်း စာချုပ်ကလို မင်းကိုပိုင်တယ်ဆိုတဲ့ စကားတွေမပြောမိဖို့ဘဲ တကယ်ပိုင်ချင်ရင် သူ့အချစ်ကို ရအောင်လုပ်ကွာ "

" အေးပါကွာ ငါကြိုးစားပြင်ပါ့မယ် "

" အေး ပြီးရင် လောလောဆယ် အဲ့ကိစ္စကို တရားခံဘယ်သူလဲဆိုတာ ငါတို့စုံစမ်းဖို့လိုနေပြီး "

တံခါးလာခေါက်သူ ( Completed )Where stories live. Discover now