" တံခါးလာခေါက်သူ " အပိုင်း ( ၂၅ )

293 20 2
                                    

" တံခါးလာခေါက်သူ "

         အခန်း ( ၂၅ )

       စစ်နိုင်ငံတစ်ယောက် လိုအပ်တာလေးတွေဝယ်ပြီး ပြန်လာတော့ ခြံထဲမှာ အဖွားဖြစ်သူနဲ့ လပြည့်တို့နှစ်ယောက် ပြောဆိုရယ်မောနေတာတွေကိုကြည့်ပြီး ကြည်နူးမဆုံးဖြစ်ရပေသည်။ လပြည့်လေးသာ အဖွားဖြစ်သူနဲ့ အဆင်ပြေရင် သူတို့ရှေ့ရေးအတွက် အများကြီးအထောက်အကူဖြစ်တယ်ဆိုတာ သူသိထားလေသည်။ လပြည်လည်းလိမ္မာပါးနပ်တဲ့ကောင်လေးတစ်ယောက်ဆိုတော့ အဖွားနှင့်အဆင်ပြေမှာပါ။ ဒါပေမဲ့ အခုလိုမျိုးအဆင်ပြေနေတာ ထပ်တွေ့ရတော့ သူပိုပြီးဝမ်းသာရလေတော့သည်။

" ညီ ဖွားဖွားနဲ့ ဘာတွေပြောနေတာလဲ "

" ကို့မကောင်းကြောင်းတွေပေါ့ "

" ဘာ ကိုယ့်မကောင်းကြောင်း ဟုတ်လား "

" ဟုတ်တယ်လေ ညီ့ကိုအနိုင်ကျင့်တဲ့အကြောင်း၊ ကောင်မလေးတွေနဲ့ ရှုပ်တဲ့အကြောင်း၊ ဂျစ်ကန်နိုင်တဲ့အကြောင်းတွေပေါ့ "

" မဖြစ်နိုင်တာ ညီ့တို့စကားပြောနေတာ ပြုံးပျော်လို့လဲ မှန်မှန်ပြော ဘာတွေ​ပြောနေကြတာလဲ "

" ပြောပြစရာလား မပြောပြပါဘူး "

" အဲ့လိုနော် "

" ဟုတ် "

" ရတယ်လေ ကိုယ်လည်း မင်းကိုပြောပြစရာရှိတာ မပြောပြတော့ဘူး "

" ဘာပြောမလို့လဲပြော "

  " ညီတောင်မပြောပြသေးတာ ကိုယ်ကဘာလို့ပြောပြရမှာလဲ "

" ဟင့် ကိုနော် လူကြီးဖြစ်ပြီးတော့ "

" ဘာလူကြီးလဲ နှစ်နှစ်ကျော်သုံးနှစ်လောက်လေးကွာတာကိုး "

" မသိဘူး ကွာတာဘဲ ကြီးတာဟာ ကြီးတာဘဲ "

" ကိုယ်ကြီးတာညီသိတယ်ပေါ့ "

  " သိတာပေါ့ "

" အေးလေ ချစ်သူဖြစ်နေပြီးဆိုတော့ သိပြီးပေါ့  "

" ကိုနော် ဘာတွေပြောနေတာလဲ "

" ဘာပြောနေလို့လဲ "

" ညီပြောတာက အသက်လေ "

  " ကိုယ်လည်းအသက်ဘဲ ပြောတာလေဗျာ "

တံခါးလာခေါက်သူ ( Completed )Where stories live. Discover now