" တံခါးလာခေါက်သူ "
အခန်း ( ၁၆ )
ဘုန်းလပြည့်တစ်ယောက် နေ့လည်အတန်းဆင်းတော့ ထမင်းစားဖို့အတွက် သူငယ်ချင်းဖြစ်သူ ဇွဲဆက်သော်နဲ့ ထွက်လာခဲ့လေတော့သည်။ ပထမနှစ်ကျောင်းသားလေးတွေက ကျောင်းတက်ခါစဆိုတော့ အရမ်းကိုတက်ကြွပြီး ပျော်ရွှင်နေကြလေတော့သည်။ သူတို့နှစ်ယောက် သွားရာနေရာတိုင်းသည် လူစည်းကားသော အရပ်တွေလည်း ဖြစ်နေလေသည်။ နှစ်ယောက်သား ဆိုင်တစ်ဆိုင်တွင် ဝင်စားနေတုန်း လူတစ်ယောက်က လာရောက်မိတ်ဆက်လေတော့သည်။
" ဟိုလေ ကျွန်တော် ဒီမှာခဏထိုင်လို့ရမလားဗျ "
" ရပါတယ်ဗျ ဘာကိစ္စရှိလို့လဲဗျ "
" ဟိုလေ ကျွန်တော်က နွေဦးပါ ပြောရရင်တော့ ကျောင်းတက်နေတာကြာပြီး သင်္ချာမေဂျာကပါ "
" ဟုတ် " လပြည့်က ပြန်ပြောလိုက်သည်။
" ကျွန်တော်က ဒီကနှစ်ယောက်ကို သတိထားမိထားတော့ကြာပါပြီး အေးဆေးစွာဘဲတွေ့ရတာလေ အဲ့တော့ ကျွန်တော်လည်း သူငယ်ချင်းမရှိတာနဲ့ လာမိတ်ဆက်တာ သူငယ်ချင်း ဖြစ်လို့ရမလားဗျ "
ဇွဲဆက်သော်နဲ့ လပြည့်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိသည်။
" ကျွန်တော်တို့နှစ်ယောက်ကို ဘယ်သူမှ တကူးတက လာမိတ်မဆက်ဖူးဘူးဗျ နွေဦးက ပထမဆုံးဘဲ " လပြည့်ကပြောလေသည်။
" ဒါက အခြားသူတွေအမြင်လေဗျာ ကျွန်တော်ကတော့ ခင်ဗျားတို့က ခင်ဖို့ကောင်းမယ်လို့ ထင်တယ်ဗျ "
" အိုကေလေ ရပါတယ် ကျွန်တော်တို့က ခင်တက်ပါတယ် သူငယ်ချင်း အချင်းချင်း သစ္စာရှိပြီး နားလည်မှုပေးနိုင်ရပြီး "
" အိုကေဗျ "
" အိုကေ အဲ့တာဆို ဒီနေ့ကစပြီး သူငယ်ချင်းဖြစ်ပြီးနော် ရှိုတ်လိုက်တော့ "
"Ok "
ထို့နောက် သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ပြန်မိတ်ဆက်ကြရင်း အကြောင်းလေးတွေပြောပြကြရင်း ရင်းနှီးမှု ယူလိုက်ကြလေတော့သည်။ ထို့နောက် ညနေမှပြန်တွေ့မယ်ဟုဆိုကာ လမ်းခွဲပြီး အတန်းတက်ခဲ့ကြတော့သည်။
YOU ARE READING
တံခါးလာခေါက်သူ ( Completed )
General Fictionတကယ်တော့ အချစ်တစ်ခုမှာ ကန့်သတ်ချက်တွေ၊ ရှေးမျိုးရိုးအစဥ်လာတွေ မရှိဘူး။ အမှန်တကယ်ချစ်ကြလျှင် အချစ်တစ်ခုဟာ ရသမြောက်တယ်။ အချစ်တစ်ခုရသမြောက်ဖို့ကလည်း ကာရံကဗျာကလည်း လိုသေးတယ်။ ကာရံကဗျာဆိုတာကတော့ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ မိသားစုတွေပေါ့။ တကယ်တမ်းအချစ်စ...