" တံခါးလာခေါက်သူ "
အခန်း ( ၁၇ )
စစ်နိုင်ငံ့ဝတ်စားပြင်ဆင်ပြီးလို့ အခန်းမှထွက်လာတော့ နံနက်စာပြင်ဆင်ထားပြီး သူ့အားစောင့်နေသော လပြည့်ကိုတွေ့ရလေသည်။
" လပြည့် အစောကြီးထတာလား "
" သိသားကို မေးနေသေးတယ် "
" အင်းပါ ကျေးဇူးနော် ကိုယ့်အနားပြန်လာနေပေးလို့ "
" ကျေးဇူးတွေ ဇွတ်တင်မနေနဲ့ ဒေါ်ဒေါ်ကို သနားလို့ ကတိပေးထားလို့ နေပေးနေတာ "
" ကိုယ်သိချင်နေတာ ဘာကတိပေးထားတာလဲ ညီ "
" ပြောလို့ရမလားဗျ "
" မင်း.... "
" ဘာလဲ "
" နေပါဦး မင်းကိုငါကအရင်ခေါ်ထားတာပါကွာ ဘာလို့မင်းက မေမေ့ဘက်ကလူဖြစ်နေရတာလဲ "
" ဟင် ဘာမှလည်းမဆိုင်ဘူး ကဲပါ စားစရာရှိတာစား ကျွန်တော်လည်း ကျောင်းသွားရဦးမယ် "
" ကိုယ်လည်းသွားရမှာဘဲလေ "
" အင်းလေ "
" အတူတူသွားမှာဘဲကို "
" မသွားပါဘူး "
" ဘာလို့လဲ "
" ညီကို လူတစ်ယောက်လာကြိုမယ် ပြီးရင် နောက်တစ်ယောက်ဆီသွားရမယ် "
" ဘယ်သူလဲ ဟိုဘဲကြီး စိုင်းသုတလား သတ္တိရှိရင် ငါ့တိုက်အောက်လာကြည့် တစ်ခါတည်းရိုက်ခွဲပြစ်လိုက်မယ် "
" ဟင် ဒေါသအိုးရယ် ဒေါသကြီးဘဲ ဟိုကလည်း လာစရာလား တုံးအတဲ့လူမှမဟုတ်တာ "
" ဒါဆို ဘယ်သူလဲ "
" ဘာလုပ်မလို့လဲဗျ "
" ဂျစ်မတိုက်နေနဲ့ မေးတာသာဖြေ ဘယ်အကောင်နဲ့မှ သွားသွားလာလာတွေ မကြိုက်ဘူးနော် "
" စိတ်ချပါ ဘယ်ကောင်နဲ့မှ မသွားဘူး "
" ပြီးရော "
" ကောင်မလေးနဲ့ဘဲသွားမှာ "
" အင်း "
စစ်နိုင်ငံ့ရုတ်တရက်ကြောင်ပြီး အင်း လို့ဖြေလိုက်မိလေသည်။
YOU ARE READING
တံခါးလာခေါက်သူ ( Completed )
General Fictionတကယ်တော့ အချစ်တစ်ခုမှာ ကန့်သတ်ချက်တွေ၊ ရှေးမျိုးရိုးအစဥ်လာတွေ မရှိဘူး။ အမှန်တကယ်ချစ်ကြလျှင် အချစ်တစ်ခုဟာ ရသမြောက်တယ်။ အချစ်တစ်ခုရသမြောက်ဖို့ကလည်း ကာရံကဗျာကလည်း လိုသေးတယ်။ ကာရံကဗျာဆိုတာကတော့ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ မိသားစုတွေပေါ့။ တကယ်တမ်းအချစ်စ...