" တံခါးလာခေါက်သူ ''အခန်း ( ၄ )
စစ်နိုင်ငံ့တစ်ယောက် ကျောင်းပိတ်ရက်လေးမှာ သူငယ်ချင်းဖြစ်သူ ဟိန်းထက်ဇော်နှင့် သူရိန်ဝင်းတို့အား လာရောက်တွေ့ဆုံကြလေတော့သည်။
" ကဲပြောသားကြီး မင်းအခုတလော ငြိမ်နေတယ်နော် '' ဟိန်းထက်ဇော်က ပြောနေလေတော့သည်။
" ငြိမ်တယ်ဆို ပြတ်တာကမှ တစ်လဘဲရှိသေးတာလေကွာ ပြီးတော့လည်း မထားချင်သေးလို့လေ ''
" နှင်းဆီမေကို မင်းကိုသတိရနေတုန်းလားကွာ '' သူရိန်ဝင်းက ပြောလေတော့သည်။
" မဟုတ်ပါဘူး သူရိန်ရာ ငါဒီအတိုင်းဘဲ အေးဆေးနေချင်သေးတာ ''
" သြော်အေး ဒါနဲ့ မင်းအခန်းကကောင်လေးကရော ဘယ်လိုလဲ '' ဟိန်းထက်ဇော်က မေးလေတော့သည်။
" မဆိုးပါဘူး အခုထိတော့ လိမ္မာသားလဲ သန့်သန့်ရှင်းရှင်းလဲ နေတက်တယ် အိမ်ကိစ္စလည်း လုပ်တက်တယ် ''
" တယ်ဟုတ်လားပါလား အေးလေ ပြောသာပြောရတာ မြို့ကြီးသားတွေကသာ ဘာမှသိပ်မလုပ်တက်တာကွ နယ်ကလူတွေကတော့ လုပ်တက်ကိုင်တက်ကြတယ် ''
" အင်း ဟုတ်လောက်မယ်ထင်တယ် ငါလည်း ''
" ဒါနဲ့ သူနာ့မည်ကရော ''
" ဘုန်းလပြည့် ငါကတော့ လပြည့်လို့ခေါ်တယ် ''
" အဆောင်အဆင်ပြေရင်တော့ သူသွားမှာပေါ့ မဟုတ်လား ''
" လောလောဆယ်တော့ သူအဲ့လိုပြောတာဘဲ သူလည်းအဆင်မပြေသေးရင်တော့ ပေးနေမှာပါ ငါ့အခန်းလည်း အားနေတာလေ ပြဿနာတွေမရှိရင်ပေါ့ ''
" အင်းကောင်းပါတယ်ကွာ ''
" လပြည့်က ရိုးသားမဲ့ပုံလေးပါ ''
" အေးပါ ဘာဘဲဖြစ်ဖြစ် သတိတော့ထားဦး သိတာမကြာသေးတော့ အလုံးစုံ ယုံမရသေးဘူး ''
" ဟုတ်ပါတယ် မင်းတို့ပြောတာလဲ ''
သူတို့သုံးယောက်သား စကားကောင်းနေကြစဥ် ကောင်မလေးတစ်ယောက် သူတို့အနား ရောက်လာလေတော့သည်။
" အစ်ကိုတို့ ညီမတစ်ခုလောက် အကူညီတောင်းချင်လို့ပါ ''
" သြော် ဟုတ်ပြောလေ ကူညီနိုင်တာဆို ကူညီပါ့မယ် ''
YOU ARE READING
တံခါးလာခေါက်သူ ( Completed )
General Fictionတကယ်တော့ အချစ်တစ်ခုမှာ ကန့်သတ်ချက်တွေ၊ ရှေးမျိုးရိုးအစဥ်လာတွေ မရှိဘူး။ အမှန်တကယ်ချစ်ကြလျှင် အချစ်တစ်ခုဟာ ရသမြောက်တယ်။ အချစ်တစ်ခုရသမြောက်ဖို့ကလည်း ကာရံကဗျာကလည်း လိုသေးတယ်။ ကာရံကဗျာဆိုတာကတော့ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ မိသားစုတွေပေါ့။ တကယ်တမ်းအချစ်စ...