" တံခါးလာခေါက်သူ "
အခန်း ( ၂၆ )
လပြည့်တစ်ယောက်ရဲ့ ဝိဥာဥ်ဟာ လွင့်မျောနေလေတော့သည်။ စိတ်ရဲ့သဘောအရ သူရဲ့စိတ်မှာ တမ်းတမိသမျှ ဝိဥာဥ်က လွင့်နေလေတော့သည်။ နယ်ကအမေ့အိမ်ဆီကိုရောက်လိုက်၊ သူငယ်ချင်းတွေဆီကို ရောက်လိုက်၊ စစ်နိုင်ငံဆီရောက်လိုက်နဲ့ မျိုးစုံလေတော့သည်။ ဆေးရုံပေါ်ရှိ ကုတင်ပေါ်မှာ မေ့မျောကာ လဲနေသော သူ့ရဲ့ခန္ဓာကိုယ်အနားမှာ ထိုင်ကာငိုကြွေးနေသော စစ်နိုင်ငံ့ကိုလည်း သူတွေ့နေရလေတော့သည်။
" ညီရာ ကိုယ့်အမှားပါကွာ ကိုယ်မနောက်ကျသင့်ဘူးကွာ အဲ့နေ့က "
သူ့ရဲ့လက်ကလေးကိုကိုင်ပြီး တစ်တွတ်တွတ်နဲ့ ပြောနေသော စစ်နိုင်ငံ့ရဲ့ မျက်နှာလေးဟာ အရမ်းသနားဖို့ကောင်းနေလေတော့သည်။
" ကိုကိုရာ ညီ့အမှားလည်းပါတာဘဲ ကိုကို့အမှားကြီးဘဲ မဟုတ်ပါဘူး "
သူပြန်ပြောနေပေမဲ့ သူ့စကားကိုတော့ စစ်နိုင်ငံ့တစ်ယောက် မကြားနိုင်ပေ။
" ညီရာ မြန်မြန်သတိရလာပါတော့ကွာ ကိုကိုစိတ်ပူလို့ ရူးရတော့မယ် မင်းသိရဲ့လား "
" အဲ့နေ့က ကိုကိုက ဘယ်တွေသွားတွေနေတာလဲ "
လပြည့်အရမ်းသိချင်လာလေတော့သည်။ ကိုကိုတစ်နေရာကို ရောက်နေတာတော့ သူသိနေလေသည် သို့သော် ဘယ်နေရာလဲသာ သူမသိတာပါ။
" ကိုကို့စကားကို အဲ့လောက်ထိနားထောင်ပေးပြီး စောင့်နေရလောက်အောင် ကိုကို့ကိုအဲ့လောက်ချစ်ရတာလားကွာ ကိုကို့ကိုရိုက်မဲ့တုတ်ကို ညီဝင်ခံရလောက်အောင် ကိုကို့ကိုချစ်တာလားကွာ "
စစ်နိုင်ငံ့တစ်ယောက် နာကျင်စွာနဲ့ ဆေးရုံခန်းထဲမှာ တစ်ယောက်တည်း ပြောနေမိလေတော့သည်။ ထိုစဥ် တံခါးဖွင့်ပြီး ဝင်လာသောလူတစ်ယောက်ကြောင့် လပြည့်ကြည့်မိသွားသည်။ သူငယ်ချင်းဖြစ်သူ ဇွဲဆက်သော်ပါ။
" မင်းငါ့ကိုလာကြည့်တာကိုး မင်းက သူငယ်ချင်းကောင်း တစ်ယောက်ပါကွာ "
လပြည့်ကိုသာ သူတို့တွေမတွေ့ကြရပေမဲ့ လပြည့်ကတော့ သူတို့အားလုံးကိုတွေ့နေရပေသည်။ သူတို့ကတော့ လပြည့်ရဲ့ ကုတင်ပေါ်က ခန္ဓာကိုယ်သာတွေ့ရပေသည်။
YOU ARE READING
တံခါးလာခေါက်သူ ( Completed )
General Fictionတကယ်တော့ အချစ်တစ်ခုမှာ ကန့်သတ်ချက်တွေ၊ ရှေးမျိုးရိုးအစဥ်လာတွေ မရှိဘူး။ အမှန်တကယ်ချစ်ကြလျှင် အချစ်တစ်ခုဟာ ရသမြောက်တယ်။ အချစ်တစ်ခုရသမြောက်ဖို့ကလည်း ကာရံကဗျာကလည်း လိုသေးတယ်။ ကာရံကဗျာဆိုတာကတော့ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ မိသားစုတွေပေါ့။ တကယ်တမ်းအချစ်စ...