" တံခါးလာခေါက်သူ "
အခန်း ( ၂၈ )
လပြည့်တစ်ယောက် ဆေးရုံကဆင်းရပါပြီး မိဘနှစ်ပါးရော၊ သူငယ်ချင်းတွေရော အားလုံးလာကြိုကြလေတော့သည်။ စစ်နိုင်ငံ့တို့မိသားစုလည်း လာကြပါသည်။ ဆေးရုံကဆင်းသည်အထိ လပြည့်တစ်ယောက် စစ်နိုင်ငံ့ကို မမှတ်မိသေးပေ။ ဆရာဝန်ကြီးရဲ့ ပြောကြားချက်အရတော့ လပြည့်ရဲ့ ဦးနှောက်မှတ်ဉာဏ်ဟာ ကွက်ပြီးတော့ မေ့သွားခဲ့တာဖြစ်ပြီး အလုံးစုံကို မေ့သွားတာမျိုးမဟုတ်ဘဲ သူအရမ်းချစ်တဲ့သူ၊ သူအရမ်းချစ်တဲ့အရာတွေကို မေ့သွားခြင်းမျိုးသာ ဖြစ်ကြောင်း ရှင်းပြလေတော့သည်။
အခုလည်း လပြည့်တစ်ယောက် ဆေးရုံကဆင်းတော့ စစ်နိုင်ငံ့က လက်မလျှော့ဘဲ သူနဲ့ဘဲ ပုံမှန်အတိုင်း နေဖို့လာပြောနေတော့သည်။ လူကြီးတွေကလည်း သဘောမတူသလို လပြည့်လည်း လက်မခံပေ။
" သားသူ့ကိုမှ မသိတာ အရင်ကဘာတွေဖြစ်ခဲ့လည်းဆိုတာ သားမသိပေမဲ့ အခုလက်ရှိအချိန်မှာ သားမသိတဲ့သူနဲ့ အတူနေဖို့ မဖြစ်နိုင်ဘူး "
လပြည့်ရဲ့ ပြောစကားများက သူရဲ့ရင်ထဲကို အပ်ကြီးထိုးသွင်းလိုက်သလို သူနာကျင်ခံစားရလေတော့သည်။
" ပြောရက်လိုက်တာညီရာ ညီမသိတဲ့သူတဲ့လား "
" ဟုတ်သားဘဲ သားရယ် အခုချိိန်မှာ သားကလပြည့်နဲ့အရင်လိုနေလို့ ဘယ်ရပါ့မလဲ သားကိုလပြည့်က မမှတ်မိသေးဘူးလေ နောက်ပြန်မှတ်မိလာရင် သားသူ့ကို ပြန်တွေ့နေလို့ရတာဘဲ "
" အေးကွယ် အခုချိန်မှာ လပြည့်လေးကို စိတ်မထိခိုက်စေချင်ဘူး သူသက်သာသလို ပေးနေစေချင်တယ်ကွယ် "
ဇွဲဆက်သော်၏မိခင်ကပါ ဝင်ပြောလေတော့သည်။ နောက်ဆုံးတော့ လောလောဆယ်မှာ ဇွဲဆက်သော်အိမ်မှာ ခဏနေပြီး နယ်မှာ ပြန်အနားယူဖို့ အားလုံးက ဆုံးဖြတ်လိုက်လေတော့သည်။ အခုလိုဆုံးဖြတ်ချက်ကို စစ်နိုင်ငံ့က လက်မခံချင်ပေမဲ့ သူလက်ခံခဲ့ရသည်။ လပြည့်သူ့ကို မမှတ်မိတာ သူမယုံနိုင်ပေ။ အားလုံးကို မှတ်မိနေပြီး သူ့ကျတော့မှ မသိဘူးတဲ့လား။ မဖြစ်နိုင်ဘူး တစ်ခုခုများမှားယွင်းနေပြီးဆိုတာ သူသိနေလေတော့သည်။
YOU ARE READING
တံခါးလာခေါက်သူ ( Completed )
General Fictionတကယ်တော့ အချစ်တစ်ခုမှာ ကန့်သတ်ချက်တွေ၊ ရှေးမျိုးရိုးအစဥ်လာတွေ မရှိဘူး။ အမှန်တကယ်ချစ်ကြလျှင် အချစ်တစ်ခုဟာ ရသမြောက်တယ်။ အချစ်တစ်ခုရသမြောက်ဖို့ကလည်း ကာရံကဗျာကလည်း လိုသေးတယ်။ ကာရံကဗျာဆိုတာကတော့ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ မိသားစုတွေပေါ့။ တကယ်တမ်းအချစ်စ...