" တံခါးလာခေါက်သူ " အခန်း ( ၃၁ )

362 20 0
                                    

" တံခါးလာခေါက်သူ "

       အခန်း ( ၃၁ )

      စစ်နိုင်ငံ့တစ်ယောက် မင်္ဂလာပွဲပျက်ပြီး မိဘကလည်း စွန့်ပစ်လိုက်သောကြောင့် အိမ်ကနေထွက်သွားခဲ့တာ အခုဆို တစ်လခန့်ကြာမြင့်နေပြီးဖြစ်သည်။ ဘယ်တွေသွားလို့ ဘာတွေလုပ်နေလဲဆိုတာ ဘယ်သူမှ မသိရသလို အဆက်သွယ်လည်း မရပေ။ သူ၏သူငယ်ချင်းများလည်း စစ်နိုင်ငံ့အကြောင်းကို မသိရပေ။

      အမှန်တော့ စစ်နိုင်ငံ့က အဖွားရဲ့ခြံလေးထဲမှာ လာရောက်နေထိုင်နေတာပါ။ ဘယ်သူနဲ့မှလည်း မပက်သက်ချင်သလို သူ့အားလည်း ဘယ်သူမှမယုံကြည်ကြတာကို ဘာမှလည်း မရှင်းပြချင်တော့ပေ။ ဖြစ်ပုံကလည်း တစ်ခါက နှင်းဆီမေကသူ့အား နောက်ဆုံးအနေနဲ့ တွေ့ခွင့်ပေးပါဟု တောင်းဆိုမှုကို သူကလက်ခံပြီး သွားရောက်တွေ့ဆုံခဲ့တာပါ။ အဲ့မှာဘဲ နှင်းဆီမေက သူ့အားသောက်မဲ့အချိုရည်မှာ ဆေးခပ်ပြီး သူ့အားလုပ်ကြံကာ လိုအပ်သော ဓာတ်ပုံများကို ရယူခဲ့ခြင်းပါ။ သူမဆီသွားမယ်ဆိုတာကိုလည်း လပြည့်ကိုလည်း မပြောမိခဲ့သလို ဘယ်သူကိုမှလည်း မပြောခဲ့တော့ အခုအဲ့ပြဿနာက နှင်းဆီမေအတွက် အခွင့်ကောင်းဖြစ်သွားခဲ့ပေသည်။

     အခုဆို မင်္ဂလာပွဲလည်းပျက်ရသည် မင်္ဂလာပွဲပျက်တာ​က သူ့အတွက် ဘာမှမဖြစ်ပေမဲ့ တစ်ဖက်က မိန်းကလေးကိုတော့ သူအရမ်းအားနာပါသည်။ သို့ပေမဲ့လည်း သူမချစ်မနှစ်သက်သူနဲ့ မပေါင်းစည်းရခြင်းက ပို၍ကောင်းသေးသည်မဟုတ်လား။ ဆိုးဝါးတာ​က မိဘနှစ်ပါးလုံးက သူ့အား ပစ်ထုတ်လိုက်ခြင်းပါ။ ထိုအရာအတွက်တော့ သူအရမ်းဝမ်းနည်းမိပါသည်။ နောက်တစ်ခုက လပြည့်ပါ လပြည့်လည်း ကိစ္စတွေကိုသိနေလောက်တော့ သူ့အားယုံကြည်လက်ခံတော့မည်လို့တော့ မထင်ပေ။

      အခုတော့ ခြံဝန်းကြီးထဲမှာ အဖွားဖြစ်သူနဲ့ လာနေနေတာ တစ်လကျော်လောက်ရှိတော့ရောပေါ့။ စားချင်မှစားပြီး လုပ်ချင်တာကို လုပ်နေတက်သော သူ့အား အဖွားဖြစ်သူက စိုးရိမ်နေရသေးသည်။ သူကတော့ အပင်တွေကြားနေလိုက် ခြံထဲမှာမွေးထားသော ခွေးကလေးတွေနဲ့ နေလိုက်နဲ့ အချိန်ဖြုန်းနေလေတော့သည်။ ခြံထဲက ဘယ်သူနဲ့မှလည်း မပြောမဆိုဘဲ အဖွားဖြစ်သူ တစ်ယောက်နဲ့သာ ပြောဆိုပြီး ကျန်တဲ့အချိန်တွေဆို တစ်ယောက်တည်းငေးမောနေတက်တာက များနေလေတော့သည်။

တံခါးလာခေါက်သူ ( Completed )Where stories live. Discover now