"တံခါးလာခေါက်သူ "
အခန်း ( ၁၅ )
မနက်ရှစ်နာရီခန့်ရှိနေလေပြီး ညကတည်းက အဝတ်အစားတွေပြင်ဆင်ပြီး ထုတ်ပိုးထားသောကြောင့် ဘုန်းလပြည့်တစ်ယောက် ဒီမနက်မှာ အလုပ်တွေမပိုရတော့ပါ။ အဲ့တာကြောင့်လည်း ဖြည်းဖြည်းအေးအေးနဲ့ လုပ်နေခြင်းပါ။ ရှစ်နာရီဘဲ ရှိသေးတာကြောင့် ဘုန်းလပြည့်တစ်ယောက် မနက်စာလေး တစ်ခုခုစားရန် ကြံပြီး အဆောင်အောက်သို့ ဆင်းလာလေတော့သည်။
" ဗုဒ္ဓေါ "
ဟုတ်ပါတယ် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ကျေးဇူးရှင် ဂျစ်ပစီကိုယ်တော်ချောကို တန်းတွေ့လိုက်လို့ပါ။
" ဘယ်မှာလဲ မင်းအထုပ်တွေ "
"ဟင် ကိုစစ်ဘယ်အချိန်ကတည်းက ရောက်နေတာလဲ "
" မနက်ခြောက်နာရီကတည်းက မင်းရဲ့အဆောင်မှူးက ပေးမဝင်လို့ ငါစောင့်နေတာ "
"ပုံမှန်ဆို ကိုစစ်ကအဲ့အချိန်ကြီး မထတက်ပါဘူး "
"မင်းလည်း နောက်ကျမှ ထဖူးလို့လား "
" ဒီနေ့က ကျောင်းပိတ်ရက်လေ အလုပ်မှမရှိတာ ""ဘယ်သူပြောလဲ အလုပ်မရှိဘူးလို့ လာသွားမယ် "
" တစ်ခုခုစားဦးမယ်လေ ဘာမှမစားရသေးဘူး "
"ကိုယ်လည်း ဘာမှမစားရသေးဘူး အတူတူဘဲ ကြာတယ်ကွာ လာ အထုတ်တွေသွားယူမယ် တစ်ခါတည်းသွားမယ် "
စစ်နိုင်ငံ့တစ်ယောက် ဘုန်းလပြည့်လက်ကိုဆွဲပြီး အဆောင်ပေါ်သို့ တန်းတက်လေတော့သည်။
" ဟာ ကိုစစ် လုပ်လိုက်ရင် အမြဲအဲ့လိုချည်းဘဲ "ဘုန်းလပြည့် ဘယ်လိုဘဲ ပြောနေပါစေ သူဂရုမစိုက်ဘဲ လပြည့်ရဲ့ အခန်းဆီသို့ တန်းသွားလေတော့သည်။ အခန်းတံခါးဖွင့်ပြီး အထုပ်တွေဆွဲယူလေတော့သည်။
" ဒါအကုန်ဘဲ မဟုတ်လား "
"အင်းပေါ့ ဘာများရှိရဦးမှာလဲ "
" ဒါများ မနေ့ကတည်းက ပြောင်းလာရင်ရနေတာကို တစ်ညထပ်ပြီး ညစ်ထားနေသေးတယ် "
"ဟင် ဘာပြောတာလဲ "
" ဘာမှမဟုတ်ဘူး သွားမယ် "
YOU ARE READING
တံခါးလာခေါက်သူ ( Completed )
General Fictionတကယ်တော့ အချစ်တစ်ခုမှာ ကန့်သတ်ချက်တွေ၊ ရှေးမျိုးရိုးအစဥ်လာတွေ မရှိဘူး။ အမှန်တကယ်ချစ်ကြလျှင် အချစ်တစ်ခုဟာ ရသမြောက်တယ်။ အချစ်တစ်ခုရသမြောက်ဖို့ကလည်း ကာရံကဗျာကလည်း လိုသေးတယ်။ ကာရံကဗျာဆိုတာကတော့ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ မိသားစုတွေပေါ့။ တကယ်တမ်းအချစ်စ...