" တံခါးလာခေါက်သူ "
အခန်း ( ၃၂ )
ဇာတ်သိမ်းပိုင်း" ညီ... ညီ...ညီ... "
" ညီကိုယ့်ဆီပြန်လာတယ်ပေါ့လေ ဟုတ်လားညီ "
လပြည့်က ဘာမှမပြောဘဲ သူ့အား ခေါင်းလေးငြိမ့်ပြလေသည်။
" ညီရာ ကိုယ်အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော် "
" ကိုကို.... "
" ညီ လပြည့် ကိုယ်မင်းကိုလွမ်းနေတာ "
စစ်နိုင်ငံ့တစ်ယောက် ပြောပြီးလပြည့်အား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေတော့သည်။
" သွားစမ်းပါ အရက်စော်တွေနံနေတာဘဲ "
" ညီရာ ကိုယ့်ကိုပစ်ထားရက်တယ်ကွာ "
" အခုပြန်လာပြီးလေ "
" ကိုယ့်ကိုချစ်သေးတယ်ပေါ့နော် "
" အရင်ကတည်းကချစ်တာ "
" ကိုယ့်ကိုလည်း ဘယ်တုန်းကမှ မမေ့ခဲ့ဘူးမဟုတ်လား "
" သိနေသားကို မေးနေပြန်ပါပြီး "
" ဒါဆို ကိုယ့်ကိုသက်သက်ညစ်ခဲ့တာပေါ့ "
" အဲ့လိုမလုပ်ရင် ကိုက ဘယ်လိုလုပ်ပြီး ညီ့နားကနေ ခွာမှာလဲ "
" ကိုယ်ဘယ်လောက်တောင်ခံစားရလဲ မင်းသိရဲ့လား "
" ညီကရော မခံစားရလို့ "
" ဟုတ်ပါတယ်ကွာ အခုမင်းပြန်လာပြီးဘဲ ကိုယ့်အနားကို ကိုယ်ပျော်တာ "
"သွားပါ အခုမှ အပိုတွေပြောနေတာ ပြောတော့ ညီမရှိလည်း ညီ့စကားနားထောင်မယ်ဆို "
"နားထောင်တယ်လေ "
" ဘာနားတောင်တာလဲ အခုအရက်သောက်နေတာလေ "
" အဲ့တာက အသည်းကွဲနေလို့ပါ "
" မယုံဘူး နားမထောင်တာ နားမထောင်တာဘဲ "
လပြည့်ပြောပြီး သူ့အနားကနေပြေးထွက်မယ်အလုပ် သူ့ကိုပြန်ပြီး ခပ်တင်းတင်းလေးဖမ်းဆွဲထားသော စစ်နိုင်ငံ့ကို လပြည့်ကပြောလေတော့သည်။
" အခုပုံစံကြီးကို ညီမကြိုက်ဘူးနော် ချက်ချင်းပြင် ဖွားဖွားအခန်းကနေ စောင့်နေမယ် "
YOU ARE READING
တံခါးလာခေါက်သူ ( Completed )
General Fictionတကယ်တော့ အချစ်တစ်ခုမှာ ကန့်သတ်ချက်တွေ၊ ရှေးမျိုးရိုးအစဥ်လာတွေ မရှိဘူး။ အမှန်တကယ်ချစ်ကြလျှင် အချစ်တစ်ခုဟာ ရသမြောက်တယ်။ အချစ်တစ်ခုရသမြောက်ဖို့ကလည်း ကာရံကဗျာကလည်း လိုသေးတယ်။ ကာရံကဗျာဆိုတာကတော့ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ မိသားစုတွေပေါ့။ တကယ်တမ်းအချစ်စ...