" တံခါးလာခေါက်သူ ''
အခန်း ( ၇ )
နှစ်ယောက်သား စားသောက်ပြီးတော့ ဆိုင်ကယ်လေးဆီသို့ ပြန်လာကြလေတော့သည်။
" ပြန်ချင်ပြီးလား ''
" ဟင့်အင်း ''
" အဲ့တာဆို ဆိုင်ကယ်လိုက်စီးမလား ''
" အင်း ကောင်းသားဘဲ ''
" အိုကေ သွားမယ် ဒီအချိန်လေးက ဆိုင်ကယ်စီးကောင်းတယ် ''
" တစ်ခုတော့ရှိတယ်နော် ''
" ဘာကိုလဲ ဆိုင်ကယ်ဖြည်းဖြည်းမောင်း ဒါဘဲပြောမှာမဟုတ်လား ''
" သိရင်ပြီးတာဘဲဗျာ''
" လာပါကွာ ကလေးလည်း မဟုတ်တော့ဘူး အဲ့လောက်အထိမကြောက်နေပါနဲ့ ''
" ဘာဆိုင်လဲဗျ ''
" ဟုတ်တယ်လေ တကယ်ဆို ဆိုင်ကယ်က အရမ်းနှေးနေရင် စီးမကောင်းဘူး အဲ့လိုလေး နည်းနည်းလေး ကြမ်းပေးမှာ ဆိုင်ကယ်ရဲ့အရသာကို ခံစားရတာ ''
" အရမ်းမကြမ်းရင် ပြီးတာဘဲ ''
" ကဲတက်ပါဗျာ ကိုယ်တော်ချောရာ ''
နှစ်ယောက်သား ဆိုင်ကယ်ပေါ်သို့ တက်လာပြီး ကမ်းနားလေးတစ်လျှောက်မောင်းလာလေတော့သည်။ တိုက်ခတ်လာသော လေပြေလေးတွေနှင့်တူ နှစ်ယောက်သား ဆိုင်ကယ်လေးနဲ့က ညနေခင်းအလှကို ပို၍တိုးစေလေတော့သည်။ ညနေခင်းလေးမို့လားတော့မသိဘူး လေပြေလေးကပင်အေးတာလား ဆိုင်ကယ်ရဲ့အရှိန်ရဲ့ကပင် များနေလို့လားတော့ မပြောတက်ပေ ဘုန်းလပြည့်တစ်ယောက် တော်တော်လေးတော့ ချမ်းလာလေသည်။
အင်္ကျီကလည်း ခပ်ပါးပါးလေးမို့ မေးလေးများပင် တုန်လာသည်။ ဆိုင်ကယ်ရဲ့အနောက်ကိုသာ ကိုင်ထားသောကြောင့် ပိုအေးနေလေထင်ပါရဲ့။ ဒါကိုသိနေသော စစ်နိုင်ငံ့က ဆိုင်ကယ်ကို ခဏထိုးရပ်လိုက်လေသည်။
" အေးနေပြီးမဟုတ်လား ပြန်ချင်ပြီးလား ''
" အေးတာကတော့ အေးနေတာဘဲ ပြန်တော့မပြန်ချင်သေးဘူး''
" ကဲ လာပါ ကိုယ့်ကိုဖက်ထား အနောက်ကနေ အဲ့တာဆို အရမ်းမအေးတော့ဘူး မင်းက ကိုယ့်ကိုမဖက်ဘဲ ဆိုင်ကယ်ဖင်ဘဲ ကိုင်ထားတာကိုးကွ အေးမှာပေါ့ ''
YOU ARE READING
တံခါးလာခေါက်သူ ( Completed )
Fiksi Umumတကယ်တော့ အချစ်တစ်ခုမှာ ကန့်သတ်ချက်တွေ၊ ရှေးမျိုးရိုးအစဥ်လာတွေ မရှိဘူး။ အမှန်တကယ်ချစ်ကြလျှင် အချစ်တစ်ခုဟာ ရသမြောက်တယ်။ အချစ်တစ်ခုရသမြောက်ဖို့ကလည်း ကာရံကဗျာကလည်း လိုသေးတယ်။ ကာရံကဗျာဆိုတာကတော့ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ မိသားစုတွေပေါ့။ တကယ်တမ်းအချစ်စ...