" တံခါးလာခေါက်သူ "
အခန်း ( ၁၄ )
စစ်နိုင်ငံ့တစ်ယောက် အခန်းထဲမနေချင်တာနဲ့ အပြင်ကိုထွက်လာခဲ့လေတော့သည်။ အပြင်ထွက်မယ်ဆိုမှတော့ တစ်နေ့ကမှ အိမ်ကနေတောင်းထားတဲ့ ကားလေးကို ထုတ်စီးဖြစ်ခဲ့လေတော့သည်။ ဆိုင်ကယ်နဲ့သာ သွားလာနေပြီး ဒီနေ့မှကားပြန်စီးတော့ စိတ်ထဲမှာတော့ တစ်မျိုးလေးပါ သိပ်မလွတ်လပ်သလိုလေးတော့ ခံစားရသည်။ ဒါပေမဲ့ ကားစီးမှဖြစ်မှာမို့ သူကားဘဲ စီးခဲ့လေတော့သည်။
ကားလေးနဲ့ မောင်းလာရင်း လမ်းချိုးအကွေ့လေးမှာ ကောင်မလေးတစ်ယောက် မြေပြင်မှာ ကွေးကွေးလေးထိုင်နေတာကို သူ့မြင်ရလေတော့သည်။
" ဟင် ကောင်မလေး တစ်ခုခုဖြစ်နေတာလား "
" ကြည့်ရတာ ခြေထောက်က မထနိုင်ဘူးနဲ့ တူတယ် "
သူ့အတွေးထဲမှာ ပြောနေရင်း ဒုက္ခရောက်တာမြင်လျှင် မနေနိုင်သော.သူ့အကျင့်အတိုင်း ကားကိုရပ်ပြီး ထိုကောင်မလေးဆီသို့ သူသွားလေတော့သည်။
" ညီမ ဘာအဆင်မပြေဖြစ်နေတာလဲ ကိ်ဘာကူညီပေးရမလဲ "စစ်နိုင်ငံ့ ပြောပြီး ထိုကောင်မလေးကို ကြည့်လိုက်တော့
" ဟင် မင်းကိုး "
" ဟိုး ညီမကို ကူညီခဲ့တဲ့ အစ်ကိုမဟုတ်လား "
"အင်း ထားပါတော့ အခု ဘာဖြစ်တာလဲ ညီမ "
" ညီမကို ဆိုင်ကယ်တစ်စီးက တိုက်ပြီး ပြေးသွားတာ "
" ဟာ ဘယ်သူလဲကွာ ဒီလို စည်းမရှိဘဲ လူသားအချင်းချင်း စာနာမှုမရှိတာ "
" ဘယ်ကလဲတော့ ညီမ မသိပါဘူး "
" ကဲ ကားပေါ်တက် ကိုယ်ဆေးခန်းပို့ပေးမည် ထလို့အဆင်ပြေရဲ့လား "
" အရမ်းနာနေတာ "
" အိုကေ ကိုယ်ကူညီပေးပါ့မယ် "
စစ်နိုင်ငံ့တစ်ယောက် ပြောပြီး လက်လေးတွဲကာ ဆွဲထစေပေမဲ့ ကျော့ကေသွယ်ဆိုသော ထိုကောင်မလေးက အရမ်းနာကျင်နေပုံရပြီး အဆင်မပြေဖြစ်နေလေတော့သည်။
" ညီမကြည့်ရတာ အဆင်မပြေလောက်ဘူး ကဲပါ ကိုယ့်ကိုတစ်မျိုးမထင်နဲ့ "
စစ်နိုင်ငံ့တစ်ယောက် ပြောဆိုပြီး ခါးကနေပွေ့ချီကာ သူ့ကားထဲသို့ ခေါ်သွားလေတော့သည်။
YOU ARE READING
တံခါးလာခေါက်သူ ( Completed )
Ficção Geralတကယ်တော့ အချစ်တစ်ခုမှာ ကန့်သတ်ချက်တွေ၊ ရှေးမျိုးရိုးအစဥ်လာတွေ မရှိဘူး။ အမှန်တကယ်ချစ်ကြလျှင် အချစ်တစ်ခုဟာ ရသမြောက်တယ်။ အချစ်တစ်ခုရသမြောက်ဖို့ကလည်း ကာရံကဗျာကလည်း လိုသေးတယ်။ ကာရံကဗျာဆိုတာကတော့ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ မိသားစုတွေပေါ့။ တကယ်တမ်းအချစ်စ...