" တံခါးလာခေါက်သူ " အပိုင်း ( ၁၀ )

360 25 2
                                    

" တံခါးလာခေါက်သူ "

         အခန်း ( ၁၀ )

" မောင် ခဏတွေ့ကြရအောင်ကွာ '' နှင်းဆီမေဆီကနေ မက်ဆေ့တစ်စောင် ဝင်လာလေတော့သည်။

" ဘာကိစ္စရှိလို့လဲ မေ "

      စစ်နိုင်ငံ့လည်း စာပြန်ပို့ပေးလိုက်သည် ဖုန်းဆက်ပြောနေကျသူက ထူးထူးဆန်းဆန်း စာတွေပို့လို့ပါလားလို့ သူတွေးလိုက်မိသေးသည်။

" မောင်ကလည်းကွာ စကားကြီးက အရမ်းသူစိမ်းဆန်တာဘဲ တွေ့ချင်လို့ပေါ့မောင်ရဲ့ ''

" အေးလေ အဲ့တာဆို ဘယ်နေရာမှာလဲ အချိန်ပါပြောခဲ့လေ ''

" နေ့လည်တစ်နာရီလေ တွေ့နေကြ စားသောက်ဆိုင်ပေါ့ ''

" အိုကေလေ ''

      စာပို့ပြီးတာနဲ့ နာရီကြည့်တော့ ဆယ့်တစ်ထိုးတော့မှာမို့ တစ်နာရီလောက်တော့ အချိန်ရနေသေး၍ အခန်းထဲရှိ အဝတ်များအား ထုတ်ကာစက်ထဲထည့်ပြီး လျှော်ဖို့ လုပ်နေလေတော့သည်။ စက်ထဲထည့်ပြီး လပြည့်ကိုဘဲ လှန်ခိုင်းရတော့မယ် သွားစရာလေးက ရှိလာလေပြီးလေ။

" လပြည့် ''

" ဗျာ "

" ကိုယ်အပြင်သွားစရာလေးရှိလို့ ညီခဏလောက် အဝတ်လှန်းထားပေးနော် ကိုယ်စက်ထဲထည့်ပြီးပြီး ''

" ဟုတ်ရတယ်​ သွားလေ ''

" ကျေးဇူးညီ "

" ရပါတယ် ကိုစစ်ရာ "
 
        စစ်နိုင်ငံ့တစ်ယောက်လည်း ပြောဆိုပြီး ထွက်လာခဲ့လေတော့သည်။

" အေး ပြော ဇွဲဆက်သော် "

     ဇွဲဆက်သော်က လပြည့်အား ဖုန်းဆက်ပြီး အပြင်ထွက်ဖို့ ချိန်းဆိုလေတော့သည်။

" ဘာလုပ်နေလဲ အိမ်တွင်းအောင်းကြီးရယ် အပြင်လေးဘာလေးထွက်ရအောင် "

" မဟုတ်ပါဘူး သားကြီးရာ မင်းလည်းသိသားနဲ့ ငါအိမ်က ပိုက်ဆံမပို့လာသေးဘူးလေ လကုန်ရက်နားဆိုတော့ အဆင်မပြေလို့ပါကွာ "

" အဲ့အတွက်မပူနဲ့ ကိုစိုင်းသုတပါတယ် "

" အေးပါ ဘယ်အချိန်လဲ အခုကငါအဝတ်တွေလျှော်နေလို့ "

တံခါးလာခေါက်သူ ( Completed )Where stories live. Discover now