" တံခါးလာခေါက်သူ " အပိုင်း ( ၁၂ )

357 26 2
                                    

" တံခါးလာခေါက်သူ "

       အခန်း ( ၁၂ )

" ဇွဲဆက်သော် လပြည့်ရော "

      ညနေပိုင်းအတန်းချိန်ပြီးတာနဲ့ စစ်နိုင်ငံ့တစ်ယောက် အမြန်ပြေးပြီး လပြည့်ရှိရာ အဆောင်သို့ သွားလေတော့သည်။ သို့ပေမဲ့ လပြည့်ကိုမတွေရပေ သူငယ်ချင်းဖြစ်သူ ဇွဲဆက်သော်ကိုဘဲ တွေ့ရပေသည်။

" နေ့လည် အတန်းပြီးကတည်းက ညနေအချိန်မတက်ဘဲ ပြန်သွားတာ "

" ဘာပြန်သွားတာ ဟုတ်လား "

" ဘယ်သွားတာလဲ သိလား "

" အဲ့တာတော့ မသိဘူးလေဗျ "

" ကိုယ်လာမယ်ဆိုတာ ပြောထားလို့ သက်သက်ရှောင်သွားတာပေါ့ တောက်...စ် "

" အစ်ကိုတို့က ဘာပြဿနာဖြစ်ကြလို့လဲ လပြည့်တစ်နေ့လုံး မျက်နှာလည်းမကောင်းဘူး မျက်လုံးတွေလည်း ရဲနေတာဘဲ အစ်ကို "

" အေးကွာ အစ်ကိုသူ့ကိုဆူလိုက်မိတာကွာ အဲ့တာနည်းနည်းလွန်သွားတာ "

" ​သြော် ဟုတ်လားအစ်ကို "

" အေးကွာ "

" ဘာဖြစ်လို့ အစ်ကိုဆူလိုက်တာလဲဗျ "

" အစ်ကိုက စိတ်ပူလွန်းလို့ပါ သူ့ကို ဒါပေမဲ့ သူ့ကိုနစ်နာစေချင်တာ မရှိပါဘူးကွာ "

" အဲ့နေ့က သူဘယ်သွားလဲ အစ်ကိုသိရဲ့လား."

" မသိဘူး အစ်ကိုလည်း ဒေါသထွက်နေတာနဲ့ မမေးခဲ့ရဘူး "

" သူ့အမေ နယ်ကတက်လာတာအစ်ကို "

" ဟင် လပြည့်အမေဟုတ်လား ညီလေး "

" ဟုတ်တယ်အစ်ကို အဲ့တာသူ့အမေကို သူသွားတွေ့တာ "

" ဟာ ကိုယ့်ကိုလည်း ဘာမှမပြောပါလား သူက "

" အဲ့နေ့က သူလည်းအလောတကြီးနဲ့လေ ဖုန်းအားသွင်းကြိုးလည်း မပါသွားဘူးလေ အမေကလည်း ရောက်လာတယ်ဆိုတော့ အပြေးအလွှားပေါ့ "

" ဒါဆို လပြည့်အမေက ဘယ်မှာတည်းခဲ့တာလဲ ဘာလို့သူ့အမေကို အိမ်မခေါ်လာတာလဲကွာ "

" သူအားနာလို့နေမှာပါ အစ်ကို့ဆီမှာ သူနေနေတာတောင် သူအားနာနေတာလေ သူ့အမေပါထပ်လာတာဆိုတော့ သူလည်း အားနာမှာပေါ့ "

တံခါးလာခေါက်သူ ( Completed )Where stories live. Discover now