" တံခါးလာခေါက်သူ " အခန်း ( ၂၃ )

296 19 2
                                    

" တံခါးလာခေါက်သူ "

         အခန်း ( ၂၃ )

  " ကားပေါ်တက် "

        စူးရှပြီး ပြတ်သားသော စစ်နိုင်ငံ့ရဲ့စကားသံက လပြည့်ကို မလှုပ်နိုင်အောင် တစ်ခါတည်း ချည်ပြီးပြောလိုက်သလား ထင်ရလေတော့သည်။ စိုင်းသုတရဲ့ မျက်နှာလေးမှာလည်း သိသိသာသာကို တင်းမာသွားလေတော့သည်။ လပြည့်လည်း ဇွဲဆက်သော်ဖက်ကိုလှည့်၍ ငါပြန်တော့မယ်ဟူသော အကြည့်ဖြင့် ကြည့်လေတော့သည်။ အခုက ဘယ်လိုပုံစံနဲ့ကြည့်ကြည့် လပြည့်ရဲ့အလွန်ဘဲဖြစ်နေသောကြောင့် လပြည့်ဘာမှစောဒကမတက်တော့ဘဲ တန်းပြီးကားပေါ်သို့ တက်လာခဲ့လေတော့သည်။

" ကိုယ်သွားပြီး ညီ "
 
       ဘာသဘောနဲ့လဲတော့ မသိပေမဲ့ စစ်နိုင်ငံ့က ဇွဲဆက်သော်ကိုတော့ နှုတ်ဆက်ခဲ့လေသည်။ ကားလေးလည်း ထိုနေရာမှ ထွက်သွားလေပြီး ရင်မောပြီးကျန်ခဲ့ရသူက သူငယ်ချင်းဖြစ်သူ ဇွဲဆက်သော်ပါ။

     ကားပေါ်မှာ နှစ်ယောက်သား ထိုင်နေရင်း တစ်ယောက်ကိုတစ်ယောက် ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့ကြလေတော့သည်။ ကားလေးကတော့ လမ်းပေါ်မှာပြေးနေဆဲပေမဲ့ ပြေးနေကျလမ်းကြောမဟုတ်တော့တာကို သတိထားမိလာသည့်အခါ လပြည့်တစ်ယောက် ပြူးတူးကြောင်တောင်တွေ ဖြစ်လာလေပြီး။ ခေါင်းကလည်း မငြိမ်ဘဲ အရှေ့ဘက်စောင်းကြည့်လိုက်၊ အနောက်ပြန်လကြည့်လိုက်၊ ဘေးကိုစောင်းကြည့်လိုက်နဲ့ အလုပ်ရှုပ်လေတော့သည်။

" ဘာဖြစ်နေတာလဲ "

" ကိုစစ်ဘယ်ကိုမောင်းနေတာလဲ "

" ဘာဖြစ်လို့လဲ "

" ဒါက အိမ်ပြန်လမ်းမဟုတ်ဘူးလေ "

" ဘယ်သူ​က အိမ်ပြန်မယ်ပြောနေလို့လဲ "

" ဟင် မဟုတ်ဘူးလေ အိမ်မပြန်ရင် ဘယ်သွားမှာလဲ "

" မင်းကိုခိုးပြေးလာတာ "

" ဗျာ "

" မဗျာနဲ တကယ်ပြောနေတာ "

" တစ်ခန်းတည်းအတူတူနေနေတာကိုဘဲ ခိုးပြေးစရာလား "

" တစ်ခန်းတည်းက အတူတူဘဲနေတာ မင်းက အားအားနေ ဟိုကောင်ဆီရောက်သွားလိုက် ဘယ်ကအကောင်တွေ​က ပေါ်လာလိုက်နဲ့ ကိုယ်စိတ်မချတော့ဘူး ပြီးတော့လည်း ကိုယ့်ကိုချစ်တယ်လို့လည်း မပြောသေးဘူးလေ "

တံခါးလာခေါက်သူ ( Completed )Where stories live. Discover now