Chapter 4(Unicode)

1.9K 390 2
                                    

Chapter four: 
ဒါက...uh ကျွန်တော့်ပါတနာ ပေးခဲ့တဲ့ လက်ဆောင် 
ဟုန်ရှန်း အဆောက်အအုံသည် ရှာဖွေရန် အင်မတန်လွယ်ကူသည်။ ထိုအဆောက်အအုံသည် ဤဘလောက်တွင်အရှည်ဆုံးနှင့် အထည်ဝါဆုံးဖြစ်သည့်အတွက် ကျီရှောင်ယွီ လမ်းကို မဝင်ခင်တည်းက မြင်နေရသည်။အပြေးအလွှားသွားနေရင်း ပါဆယ်ခြင်းတောင်းကိုလည်း တစ်ဖက်က သယ်ထားပြီး လူထူထပ်နေသည့် လမ်းမပေါ်မှ ခြေကျင်လျှောက်ပြီးသွားလာနေသည့်သူများ ကို သွက်သွက်လပ်လပ် ရှောင်ရှားလိုက်ရင်းဖြင့် ငါးမိနစ်ခန့် ကြာပြီးသည့်နောက် ဟုန်ရှန်းအဆောက်အအုံ ဘလောက်A၏ အောက်ထပ်ကို ရောက်ရှိလာသည်။ 

လော်ဘီထဲသို့ ဝင်ရန်အတွက် ကျီရှောင်ယွီ လုံခြုံရေး၏ စစ်ဆေးမေးမြန်းမှုကို ခံရမှာဖြစ်သည်။ လုံခြုံရေးဝန်ထမ်းသည် အသက်နှစ်ဆယ့်ခြောက်နှစ်ခန့်ရှိပြီဖြစ်ပြီး အရပ်ရှည်ရှည်ပိန်ပိန်ပါးပါး အသားညိုညို မျက်လုံးသေးသေးနှင့်  တောက်ပသောအကြည့်များရှိသည်။ အရှေ့နှင့်အနောက်လှုပ်ရှားနေသည့် ဝန်ထမ်းဆီမှ ကျီရှောင်ယွီတစ်ယောက် အကြည့်တစ်ချက် လက်ခံရရှိလိုက်သည်။

ကျီရှောင်ယွီသည်လည်း လုံခြုံရေးဝန်ထမ်း၏ ရင်ဘတ်ပေါ်မှ နာမည်ပြားကို တစ်ချက်ကြည့်လိုက်ပြီးနာမည်က လျန်ရှောက်ကန်း  "လျန်ကော" ဟုချိုချိုသာသာခေါ်လိုက်ပြီး သူဒီကို အစားအသောက်ပို့ရန်အတွက် လာတာဖြစ်ကြောင်း ပြောလိုက်သည်။

လျန်ရှောက်ကန်းသည် သူ၏ အပြုအမှုကို လုံးဝ ဂရုမစိုက်ဘဲ စက်ရုပ်ကဲ့သို့ အမူအရာမဲ့သည့် မျက်နှာဖြင့်စကားတစ်ခွန်းပြောလာသည် " ကျေးဇူးပြုပြီး IDကတ် တစ်ချက်လောက် ပြပေးပါ ဘယ်အထပ်ကိုသွားချင်တာလဲ ဘယ်သူ့ကိုရှာတာလဲ"

 ကျီရှောင်ယွီသည် သူ့၏ ID ကတ်ကို ရိုးရိုးသား ထုတ်ပြလိုက်ပြီး မေးခွန်းတစ်ခုချင်းစီကို မှန်မှန်ကန်ကန်နှင့်မြန်မြန်ဖြေလိုက်သည်။ လျန်ရှောက်ကန်းအမည်စာရင်းကိုတစ်ချက် စစ်လိုက်ပြီး သူ့ကိုသွားခွင့်မပေးခင်လေးတွင် အော်ဒါမှာထားသည့် မဒမ်ကျိုးကို အတွင်းဖုန်း ကောလ်တစ်ကော်လ် ခေါ်လိုက်ပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုလိုက်သည်။ သုံးမိနစ်လေးမိနစ်ခန့်ကြာပြီးသည့်နောက် ကျီရှောင်ယွီ လော်ဘီ ထဲသို့ဝင်လိုက်ပြီး ချောမွေ့ပြီး မှန်နှင့်တူသော စကျင်ကျောက်များခင်းထားသည့် ကြမ်းပြင်ပေါ်သို့ ဖြေးဖြေးချင်း နင်းလျှောက်လာခဲ့သည်။သူသည်အပေါ်ကိုတက်မည့် ဝန်ထမ်းသုံးဓာတ်လှေကားထဲသို့ တက်တက်ကြွကြွနှင့် ကြော့ကြော့မေ့ာမော့ဝင်လိုက်ပြီး လော်ဘီထဲတွင်ရှိသော လူများက သူ့ကို ကြည့်နေကြသည်။

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now