Chapter 8(Unicode)

1.8K 370 6
                                    

Chapter Eight: နာမည်ပြောင် "ဝက်အူလမ်းရဲ့ပန်းပွင့်လေး"

ဝူယောင်ချန်းသည် လက်မထပ်ရသေးသည့် အပျိုလေးကဲ့သို့ သိမ်မွေ့နူးညံ့သော ကျီရှောင်ယွီတွင် ယခုလိုအရည်အချင်းမျိုးရှိနေသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။  အဲ့ဒါက မတော်တဆတစ်ခုပဲဖြစ်မှာပါ။   သူအရှက်ပြန်ဆယ်ဖို့နည်းလမ်းတစ်ခု အဖြေရှာရမယ်။

ဝူယောင်ချန်း သူ၏လက်ကောက်ဝတ်ကို စစ်ဆေးလိုက်သည်။ ကံကောင်းထောက်မ၍ လက်ကောက်ဝတ်နှင့်ပတ်သတ်၍ မည်သည့်ပြဿနာမျှမရှိပေ။ ထို့ကြောင့်သူ အကြုံပြုလိုက်သည်။ "ကျီလောင်တိ ငါတို့လက်လှဲပြိုင်ကြရင်ရော ဘယ်လိုလဲ? "

(T/N-လောင်တိ: ယောကျာ်းလေးအငယ်ဖြစ်သူကိုကြင်နာစွာခေါ်ဆိုသည့် နာမ်စား။ဒေသိယစကားတချို့တွင် 'ငါ့ကောင်လေး'သို့မဟုတ်'ညီငယ်လေး'ဟူ၍ ဆင်တူသည်။)

ကျီလောင်တိ...
ဟုတ်သည်။ သူ သူ၏အင်အားကို မတော်တဆ ထုတ်ပြလိုက်မိပြီး ၎င်းမှာ အကျိုးသက်ရောက်မှု ရှိသွားပြီ ဖြစ်သည်။ ထိုနာမည်သည် ယခင် စိတ်ရှုပ်ဖွယ်နာမည်တွေထက် ပိုကောင်းပေသည်။  ကျီရှောင်ယွီသည် ခပ်ဖွဖွပြုံးလိုက်၍"အိုး...ကောင်းပြီလေ"

ထို့နောက် ယောကျာ်းသားနှစ်ယောက်လုံးသည် အိပ်ရာဘေးရှိစားပွဲခုံနေရာတွင် ထိုင်လိုက်ကြပြီး တစ်ဦးချင်းစီမှ သူတို့၏ညာဖက်လက်ကို စားပွဲပေါ်သို့တင်လိုက်ကြသည်။ တစ်ဖက်ခြမ်းရှိဝူယောင်ချန်းသည် အသားအရေမှာ ညိုမှောင်၍ ကြွက်သားများနှင့်သန်မာသည်။ အခြားတစ်ဖက်ရှိကျီရှောင်ယွီသည်တော့ နူးညံ့သည့် ကြာပင်အမြစ်ကဲ့သို့ ဖြူစင်၍သိမ်မွေ့နူးညံ့သည်။ ထိုလက်လှဲဟန်ပြင်နေပုံသည် နှစ်ဖက်ကြားရှိ ကွာခြားချက်ကို ထင်ထင်ရှားရှားပြသနေသည်

ဝူယောင်ချန်းသည် တချက်မျှကြည့်လိုက်၍ တုံ့ဆိုင်းသွားလေသည်။  အကယ်၍ ငါသာ အဲ့ကလေးရဲ့ လက်မောင်းကိုချိုးမိလိုက်ရင်ရော?? အဲ့အချိန်ကြရင် လူအိုကြီးလီက ငါ့ကိုသေလောက်အောင် ဆူမှာတင်မကသေးဘူး ဆေးဖိုးဝါးခတွေလဲ ပေးနေရမယ်။ အကယ်၍သာ ဆေးဖိုးဝါးခကုန်ကျငွေတွေက အရမ်းများနေပြီး ငါကဒီကလေးကိုတစ်သက်လုံး အကြွေးတင်နေရင်ရော ငါဘယ်လိုလုပ်ရမလဲ..??

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now