Chapter 14(Unicode)

1.7K 390 5
                                    

Chapter Fourteen:  ဥက္ကဌချန်း ကျွန်တော် ခင်ဗျားကိုအရမ်းချစ်တာပဲ!

ရန်ယီဖုန်းသည် သူ၏ခေါင်းကိုခါလိုက်သည်။ ထို့နောက် သူ၏စားပွဲဆီသို့သွားကာ ထိုင်လိုက်ပြီး အံဆွဲကိုဖွင့်၍ စားပွဲခုံပေါ်တင်ရန် စာရွက်စာတမ်းအထပ်လိုက်ကိုပါထုတ်လိုက်သည်။သူသည် ကျီရှောင်ယွီကိုခေါ်လိုက်သည်။ "လာပြီး လက်မှတ်ထိုးပေးပါ"

ကျီရှောင်ယွီသည် သူ၏အမြီးကိုချက်ချင်းပင်လှုပ်ယမ်းကာ ပျော်ရွှင်စွာပြေးသွားလိုက်သည်။

လျန်ရှောက်ကန်းသည် မည်သို့ဖြစ်ပျက်နေသည်ကိုမြင်၍ ပြောလိုက်သည်။ " ခေါင်းဆောင် ဘာကိစ္စမှမရှိတော့ဘူးဆိုရင် ကျွန်တော်အရင်ပြန်နှင့်လိုက်တော့မယ်"

ရန်ယီဖုန်းသည်ပြောလိုက်သည်။ "ခဏလေးစောင့်အုန်း။ ရှောင်လျန် မင်းနဲ့ ရှောင်လျိုနေတဲ့suiteထဲမှာ အခန်းလွတ်တစ်ခန်းကျန်သေးတယ်မလား? ကျီရှောင်ယွီကို အဲ့မှာနေခိုင်းလိုက်။ တစ်မိနစ်လောက်နေလို့ သူစာချုပ်မှာလက်မှတ်ထိုးပြီးရင် မင်းသူ့ကိုခေါ်သွားလို့ရပြီ"
(suite ဆိုတာ အခန်းထဲမှာ အိပ်ခန်းတွေနဲ့ၔည့်ခန်းပါပါတဲ့ အခန်းကျယ်သဘောမျိုးပါ)

"ကောင်းပါပြီ ဒါဆိုကျွန်တော်အပြင်မှာစောင့်နေလိုက်မယ်" လျန်ရှောက်ကန်းသည် ပြောပြီးသည်နှင့် ရုံးခန်းတွင်းမှထွက်သွားလိုက်သည်။

ကျီရှောင်ယွီသည် ရန်ယီဖုန်းလက်လွှဲပေးသည့် စာရွက်စာတမ်းကိုယူလိုက်ပြီး ၎င်းကိုကြည့်လိုက်သည်။ ၎င်းမှာ စာရွက်အထပ် အထူကြီးဖြစ်၍ အဖုံးတွင်လည်း "ဟုန်ရှန်းအဆောက်အအုံ လုံခြုံရေးဌာန အလုပ်ခန့်ထားရေး သဘောတူညီစာချုပ်"ဟု ရေးသားထားသည့် စကားလုံးများပါရှိလေသည်။ သူမမေးပဲမနေနိုင်တော့ချေ။ "ခေါင်းဆောင် ဘယ်နေရာမှာ လက်မှတ်လိုတာလဲဗျာ? "

"ဒီနေရာ ၊ဒီနေရာ၊ ပြီးတော့ ဒီနေရာမှာရောပဲ"ရန်ယီဖုန်းသည် နေရာအချို့ဆီသို့လှန်လိုက်ပြီး သူ့ကိုထိုးပြလိုက်သည်။

မည်သည့်အပိုစကားမျှမဆိုပဲ ကျီရှောင်ယွီသည် သူ၏နာမည်ကိုလက်မှတ်ထိုးရန် ဘောပင်ကိုကောက်ကိုင်လိုက်သည်။

President , Our Egg Is Lost (Myanmar Translation)Donde viven las historias. Descúbrelo ahora