Chapter 24(Unicode)

1.6K 350 16
                                    

Chapter Twenty Four: ဟားဟား သူက ရင်းနှီးတဲ့ သူငယ်ချင်းဟောင်းဖြစ်နေတာပဲ အံ့ဩစရာမရှိပါဘူး

စူးမြောင်အာက မတိုက်ခိုက်ဘဲ ထွက်ပြေးသွားသော်လည်း ယခုလေးတင်ဖြစ်ပျက်သွားခဲ့သည့် အဖြစ်အပျက်မှာကျီရှောင်ယွီအားနိုးကြားသွားစေ၏။ သူအိမ်မှာရှိနေတဲ့အခါ အရာအားလုံးကအဆင်ပြေတယ်။ ဒါပေမယ့် သူအိမ်မှာမရှိရင်ရော သူခိုးတစ်ယောက်ကထပ်လာရင်ရော? ဒီညလိုမျိုးပေါ့ တကယ်လို့ သူသာဒီမှာ ကာကွယ်ပေးဖို့မရှိနေခဲ့ရင် ဥဖြူလေးက အဲ့ဒီသောက်ပါရှန်းကြောင်စုတ်ခိုးတာခံလိုက်ရမှာ။ 

ကျီရှောင်ယွီတစ်ယောက် စိုးရိမ်လွန်း၍ တစ်ညလုံးလူးလိမ့်ကာ ဟိုလှည့်သည်လှည့်နှင့် ကောင်းစွာမအိပ်စက်ခဲ့ရပေ။နောက်ဆုံးတွင် သူ့စိတ်ဆုံးဖြတ်လိုက်သည်။ အနာဂတ်မှာ သူဘယ်နေရာကိုပဲသွားသွား တတ်နိုင်သမျှ ဥဖြူလေးကို သူနဲ့မကွာခေါ်သွားမည်။သူခိုးတွေ အဲ့ဒါကို အခွင့်အရေးယူဖို့ကြိုးစားခွင့်ပြုလိုက်မယ်။ 

သူသည် ဥဝပ်ပေးခြင်းလုပ်ငန်းစဉ်ရဲ့လမ်းတစ်ဝက်ကိုရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ၅လအတွင်းမှာငှက်ပေါက်လေးက ဥခွံထဲကထွက်လာလိမ့်မယ် ကျားယို့! 

ကံကောင်းစွာနဲ့ပဲ နောက်တစ်နေ့က နားရက်ဖြစ်၍ သူတာဝန်ချိန်မရှိပေ။ထို့ကြောင့်ပင် ကျီရှောင်ယွီတစ်ယောက် နေ့လည်မတိုင်မှီအထိ အိပ်လိုက်သည်။ အိပ်ရာထပြီးနောက် ဥဖြူလေးကို သူကင်းဗတ်အိတ်ထဲထည့်လိုက်ပြီးနောက်မနေ့ညက ချန်းယွီထန် သူ့ကိုပေးခဲ့သော ပိုက်ဆံကိုပါထည့်လိုက်သည်။ထို့နောက် မနက်စာနှင့်နေ့လည်စာပေါင်းစားရန်အတွက် ကျောပေါ်တွင်လွယ်အိတ်လွယ်ကာ ဟုန်ရှန်းသို့ထွက်လာခဲ့သည်။

စားသောက်ပြီးနောက် ကားမောင်းသင်တန်းကျောင်းနဲ့ပတ်သတ်ပြီး လျန်ရှောက်ကန်းကိုမေးပြီးနောက် စာရင်းသွင်းရန်၊ ငွေသွင်းရန်နှင့် အတန်းချိန်စီစဉ်ရန်အတွက် ဟုန်ရှန်းနှင့်အနီးဆုံးရှိ ကားမောင်းသင်တန်းကျောင်းသို့ပြေးလာခဲ့သည်။ 

ချန်းယွီထန်က သူ့ကိုစုစုပေါင်း6900ယွမ်ပေးခဲ့သည်။ထို့ကြောင့်စာရင်းသွင်းခြင်းပြီးဆုံးပြီးနောက်  900ယွမ်ကျန်နေသေး၏။ကျီရှောင်ယွီတစ်ယောက် အရင်ဆုံးချန်းယွီထန်ကို ပိုသည့်ပိုက်ဆံပြန်မပေးရန်တိတ်တဆိတ် ကြံစည်လိုက်သည်။သူ့အတွက်သူ ပိုက်ဆံကိုသိမ်းထားပြီး ပထမဆုံးလစာကိုစောင့်ကာ သူ ငွေထုတ်မည့်အခါမှ ချန်းယွီထန်ကိုပြန်ပေးလို့ရတာပဲ။

President , Our Egg Is Lost (Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon