Chapter Thirty-Four: "အား အား အား အား ငါ့ဥ! "
ရာစုနှစ်တစ်ခုလောက်ကြာပြီဟု ခံစားလိုက်ရသော်လည်း သေချာပေါက် စက္ကန့်အနည်းငယ်သာရှိသေးသည်။ထို့နောက်ကျီရှောင်ယွီတစ်ယောက် သူ၏နားထဲတွင် ခပ်နိမ့်နိမ့်အသံသြသြကို ကြားလိုက်ရသည်။" ဒါကမနေ့ညတုန်းက ကိုယ်မင်းကိုပြောမယ့်ဟာပဲ အခုနားလည်သွားပြီလား? "
တစ်ခဏမျှစောင့်ဆိုင်းပြီးနောက် ချန်းယွီထန်က ခပ်အုပ်အုပ်ရယ်လာ၏။ "မင်းကစကားမပြောဘူးပေါ့? ဒါဆို မင်း 'yes' လို့ပြောတယ်လို့ပဲ ကိုယ်ယူဆလိုက်တော့မယ်နော်"
ခင်ဗျားဘာပြောလိုက်တာတုန်းဗျ? ဘာကို နားလည်တာ? ဘာကို yesလို့ပြောတာ? ကျီရှောင်ယွီဟာ လက်တစ်ကမ်းအလိုက အလွန်နီးကပ်နေသည့် ထိုယောကျာ်းကို မှင်သက်တွေဝေစွာ မော့ကြည့်လိုက်သည်။ သူ့မျက်လုံးတို့ လျင်မြန်စွာပင် နောက်ကျိသွား၏။ သူ့ခေါင်းထဲရှိ ဂီယာအကုန် သံချေးတက်ကာ မလည်ပတ်နိုင်သကဲ့သို့ပင်။
ချန်းယွီထန်က သူ့ကို ထိုပုံနှင့်တွေ့ကာ ရယ်ချင်စိတ်မဖြစ်ပဲ မနေနိုင်တော့ပေ။ ယခုအချိန်တွင် ပြောသမျှအကုန် သဲထဲရေသွန်ဖြစ်ကာ လက်တွေ့ဆောင်ရွက်ချက်ထက် ဆွဲဆောင်နိုင်မှု နည်းမည့်ပုံပင်။
သူက ကျီရှောင်ယွီ၏ခေါင်းနောက်ပိုင်းလေးကို ကိုင်ရန် လက်တစ်ဖက်ကို မြှောက်လိုက်၏။ ကောင်လေးကို သူ၏လက်မောင်းထဲသို့ဆွဲသွင်းလိုက်ပြီး သူစိတ်ကူးယဉ်ခဲ့ဖူးသည်ထက် အဆပေါင်းများစွာပိုအရသာရှိသော နူးညံ့၍အနည်းငယ်အေးစက်သည့်နှုတ်ခမ်းပါးလေးကို အုပ်မိုးရန် သူ့ခေါင်းကိုတစ်ဖန်နှိမ့်ချလိုက်သည်။
နှုတ်ခမ်းနှစ်လွှာ၏ပုံသဏ္ဌာန်ကို သူ့လျှာနှင့် တစ်ခဏမျှနူးနူးညံ့ညံ့ပုံဖော်ထိတွေ့လိုက်ပြီး သူ့နှလုံးသားလေး၏အောက်ခြေမှ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ထို့နောက် သူ့လျှာဖျားကို အမြဲတမ်းမျက်စိကျိန်းလောက်အောင်တောက်ပနေတတ်သည့် ထိုသွားဖြူဖြူသေးသေး သွားတန်းနှစ်ခုကြားထဲကို ဖိထည့်လိုက်၏။ စိုစွတ်ကာ ခ်ျိုမြိန်ပူနွေးသည့်အတွင်းထဲသို့ နက်နက်ရှိုင်းရှိုင်းကျူးကျော်လိုက်ပြီး စိုးရိမ်ပူပန်နေကာ ရှောင်တိမ်းဖို့ကြိုးပမ်းနေသည့်လျှာလေးကို ဖမ်းယူလိုက်သည်။ အနိုင်ကျင့်မှု၊ ဖိအားပေးမှုအနည်းငယ်တို့ဖြင့် သူက ထိုလျှာလေးကို အငမ်းမရစုပ်ယူလိုက်၏။
YOU ARE READING
President , Our Egg Is Lost (Myanmar Translation)
SpiritualJoke title:ငါ့ရဲ့ပါတနာက ဥဥခဲ့ပြီးနောက် သူ့ရဲ့ဥ ပျောက်ဆုံးသွားတယ် Onlineပေါ်မေးမြန်းခြင်း- ဒါကဘယ်လိုဖြစ်နိုင်မှာလဲ....ဒါကအရေးပေါ်ကိစ္စပဲ Arthur-Yu An Qing Year-2018 English translator-tailor MM translators- Xiaopea Or...