Chapter Twenty Nine: ရောင်စုံ မီးလုံးသေးသေးလေး
ချန်းယွီထန်၏မျက်နှာကိုကြည့်ကာ သူ၏မျက်နှာအမူအရာ ရှုံ့တွလာသည်ကို မြင်လိုက်ရ၍ ကျီရှောင်ယွီတစ်ယောက် လေဖြတ်တော့မလို သူ၏နှုတ်ခမ်းတွေတုန်ယင်လာကာ လျှင်မြန်စွာ ထပ်ပေါင်းပြောလိုက်သည်။ "ကျွန်တော်ခင်ဗျားကိုမလိမ်ပါဘူး။ ကျွန်တော့်ကိုမယုံရင် ခင်ဗျားကိုယ်တိုင်ကြည့်လိုက်ပါ!" ထိုကဲ့သို့ပြောပြီး သူဟာ အခန်းထဲသို့ပြေးဝင်၍ ခြုံစောင်အောက်မှ ဥဖြူလေးကို ဆွဲထုတ်ကာ ချန်းယွီထန်ဆီသို့ပြန်ပြေးလာပြီး သူ၏မျက်နှာရှေ့တွင် ဥဖြူလေးကိုမြှောက်ပြလိုက်၏။
ချန်းယွီထန်သည် သူ၏အတွေးများ တည်ငြိမ်အောင် ရုန်းကန်လိုက်ရပြီး စူးစိုက်၍ ကြည့်လိုက်သည်။ သေးငယ်သည့် အဖြူရောင်ဝိုင်းဝိုင်းလေး တစ်ခုက ကျီရှောင်ယွီ၏လက်ဖဝါးထဲတွင်ရှိနေသည်။ကြက်ဥနှင့်အတော်လေးဆင်တူသော်လည်း သာမန်ဥတစ်လုံးထက် နည်းနည်းလေးသာပိုသေးသည်။ ထို့အပြင် ဥခွံက နူးညံ့၍ နွေးထွေးသည့်အလား ဥမျက်နှာပြင်အသားကတော့ ကျောက်စိမ်းတစ်မျိုးမျိုးနှင့် အနည်းငယ်ဆင်တူသည်။ ၄သည် သာမန်ဥတစ်လုံးနှင့်ခြားနား၏။
ဘာကြောင့်မှန်းသူမသိသော်လည်း နှလုံးသားက မမြင်ရသည့်လက်တစ်ချောင်းနှင့် ညင်ညင်သာသာတို့ထိခံလိုက်ရသလို သူ့နှလုံးသားလေး၏ အစိတ်အပိုင်းတချို့က တုန်လှုပ်သွား၏။ တစ်ချိန်တည်းတွင် ဥဖြူလေးက ဖျော့တော့သည့် မျက်စိကျိန်းလောက်စရာတောက်ပမှုကို ထုတ်လွှတ်နေသည့် ရတနာတစ်ပါးကဲ့သို့ပင် ခပ်ဖျော့ဖျော့ တလက်လက်တောက်ပလာ၏။
ကျီရှောင်ယွီက အံ့အားသင့်သွားကာ အလွန်ပျော်သွား၏။ သူ၏မျက်လုံးများကိုပင် မယုံနိုင်လောက်အောင်ပင်။သူဟာ ဥကို ဝပ်ပေးနေခဲ့သည်မှာ ၆လကျော်လောက်ရှိပြီဖြစ်ကာ ဤအကြိမ်သည် ဥဖြူလေးမှ ဤသဘာဝဖြစ်စဉ်ကို သူပထမဆုံးမြင်ရခြင်းဖြစ်သည်။ထိုအခိုက်အတန့်တွင် ဖမ်းစားခံလိုက်ရပြီး သူဟာ အရမ်းစိတ်လှုပ်ရှားလွန်း၍ ချန်းယွီထန်၏အင်္ကျီလက်ကိုဆွဲကာ အော်ငိုမိသွား၏။" ကြည့် ကြည့်ပါအုန်းဗျာ ဥကလေးက အရောင်လက်နေတယ်! ဥလေးက မလှဘူးလားဟင်?! လှတယ်မဟုတ်လား?! "
YOU ARE READING
President , Our Egg Is Lost (Myanmar Translation)
SpiritualJoke title:ငါ့ရဲ့ပါတနာက ဥဥခဲ့ပြီးနောက် သူ့ရဲ့ဥ ပျောက်ဆုံးသွားတယ် Onlineပေါ်မေးမြန်းခြင်း- ဒါကဘယ်လိုဖြစ်နိုင်မှာလဲ....ဒါကအရေးပေါ်ကိစ္စပဲ Arthur-Yu An Qing Year-2018 English translator-tailor MM translators- Xiaopea Or...