Chapter 36 (Unicode)

1.1K 282 4
                                    

Chapter Thirty-Six:နောက်ဆုံးတော့ သူက ဥဖြူလေးရဲ့ နောက်အဖေတစ်ယောက်ဖြစ်နေတာပဲ

ကျီရှောင်ယွီ၏ အစာအိမ်မှာ တဒုတ်ဒုတ်နာကျင်လာကာ သူယခုလေးတင်စားထားသော အစာတို့ကို အန်ချမိလုနီးပါးပင်။ သူက သူ့အစာအိမ်ထဲက မသက်မသာဖြစ်မှုကိုဖိနှိပ်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ အနီရောင်အလွှာပါးတစ်လွှာက သူ့မျက်လုံးများကိုဖုံးသွားကာ သူ ကျင်းလောင်စံဆီသို့တစ်လှမ်းချင်း လျှောက်လာရင်း သတ်ဖြတ်လိုသည့်အရှိန်အဝါတို့ကို စတင်ထုတ်လွှတ်နေ၏။  "ခင်ဗျားကတော့ သေ ချင် နေ တာ ပဲ"

ချန်းယွီထန်၏နှလုံးသားလေးက အလန့်တကြားတုန်လှုပ်သွားကာ သူက ကျီရှောင်ယွီကို သူ့ခန္ဓာကိုယ်အရှေ့တွင် ထိန်းထားရန် အပြေးသွားလိုက်သည်။ သူ၏လည်ပင်းအနောက်ပိုင်းလေးကို ဆုပ်ကိုင်လိုက်ကာညင်ညင်သာသာ ပွတ်လိုက်ပြီး သူ့ကိုနှစ်သိမ့်ပေးဖို့ သူ့နားထဲကို တိုးညင်းစွာပြောလိုက်သည်။ "အချစ်ကလေးရေ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ကွာ။ ဒီလိုလုပ်ရင် မင်းလေးရဲ့လက်ကိုပဲ ညစ်ပတ်စေလိမ့်မယ်။အချစ်ကလေး ကိုယ့်ကိုယုံပြီး အဲ့တာကို ကိုယ်ဆီလွှဲလိုက်"

ကျီရှောင်ယွီ၏ ဒေါသက အနည်းငယ်ငြိမ်သက်သွားပြီဖြစ်သော်လည်း သူ၏နှလုံးသားလေးကတော့ အထဲတွင် ဆူပွက်နေသောရေလို ယောက်ယက်ခတ်နေ၏။ အခုလေးတင် ကျင်းလောင်စံပြောလိုက်တဲ့ သည်းမခံနိုင်စရာ စကားလုံးတွေကို သူကြားလိုက်တယ်လေ ဟုတ်တယ်မလား? ဘာတွေဖြစ်ခဲ့လဲဆိုတာ သူတကယ်ပဲသဘောပေါက်ရဲ့လား? သူတကယ် သိသွားတဲ့အခါကျ သူအဲ့တာကို ဘယ်လိုတွေးမလဲ?  ပြီးတော့ သူက ငါ့ကို ဘယ်လိုထင်မှာလဲ?

သူဟာ ထို ရှုပ်ထွေးသည့်အတွေးများကို တွေးနေစဉ်တွင် ချန်းယွိထန်၏ နူးညံ့သည့်အသံကိုကြားလိုက်ရသည် "ကျင်းလောင်စံ ခင်ဗျားက ကြီးကြီးမားမား ကြီးပြင်းလာပြီး အခုထိအချေမှုန်းမခံရသေးဘူးပဲ။ အဲ့တာက အခြေခံကျကျကိုပဲ ခင်ဗျားရဲ့ ကောင်းမွန်တဲ့ ကံတရားပဲ။ ကံမကောင်းစွာနဲ့ ခင်ဗျားက ကျွန်တော့်လူနဲ့လာရှုပ်ပြီး ကျွန်တော့်ကိုရန်စခဲ့ပြီ။ ဒါကြောင့် ခင်ဗျားရဲ့ကံကောင်းမှုက အခုလုံလောက်မှာမဟုတ်တော့ဘူး"

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now