Chapter 41(Unicode)

2.6K 262 32
                                    

Chapter Forty-One:လုံးဝကို ရမ်းကားရူးသွပ်နေတဲ့ ခပ်ဖျော့ဖျော့အကြည့်တစ်ခုရှိနေခဲ့တယ်။

စူပါမားကတ်မှ ထွက်လာပြီးနောက် ယောကျာ်းသားနှစ်ယောက်က ဈေးဝယ်အိတ်တစ်ပုံတစ်ပင်ကို ကားထဲထည့်ရန် ကားပါကင်သို့ သယ်လာခဲ့သည်။ကပ်လျက်ကား၌ သူတို့ဘေးနားတွင် လူတစ်ယောက်ရှိနေခဲ့သည်။ထိုသူက သူတို့ကိုတွေ့လိုက်ရသည့်အချိန်တွင် ပထမဆုံးတော့ကြက်သေသေသွားခဲ့ပြီးနောက် သူက ပျော်ရွှင်စွာပြောလာ၏။"ယွီထန် ဘယ်လိုတောင်တိုက်ဆိုင်ရတာလဲ မင်းလဲဒီမှာဈေး‌ဝယ်တာလား။မတွေ့ရတာတောင်ကြာပြီ။ငါမင်းရဲ့ဧည့်ကြိုကောင်တာဆီ မင်းကိုဆက်သွယ်ဖို့ အကြိမ်အများကြီးဆက်သွယ်ခဲ့ပေမယ့် မင်းဆီမရောက်နိုင်ခဲ့ဘူး။ငါမင်းရဲ့ဆဲလ်ဖုန်းကိုတောင်မှ တိုက်ရိုက်မဆက်သွယ်နိုင်ဘူးလေ။ဒီဥက္ကဌကြီးက အရမ်းတွေအလုပ်များနေတာလား?"

ကျီရှောင်ယွီက ဈေးဝယ်အိတ်တစ်လုံးကို ကားနောက်ဖုံးထဲသို့ သွတ်ထည့်နေခဲ့ခြင်းဖြစ်ကာ အသံလာရာဆီမော့ကြည့်လိုက်သည်။ ခုနက သူ၏ရှက်ရွံ့မှုက မကျေမနပ်ဖြစ်မှုအဖြစ် ချက်ချင်းပင် ပြောင်းလဲသွား၏။ငါ့ဖင်ကြီးကိုပဲတိုက်ဆိုင်။ငါတို့က ဒီဟန်မျိုးရိုးကောင်နဲ့ ဘယ်လိုတောင်ဆုံနိုင်ရတာလဲ?

ချန်းယွီထန်က ခေါင်းနည်းနည်းငြိမ့်လိုက်သည်"အွန်း မကြာသေးခင်တုန်းက ငါအလုပ်အရမ်းရှုပ်နေတာလေ။ဒီနေ့က ငါနည်းနည်းအားတဲ့ ပထမဆုံးရက်ပဲ"

သူက သူ့ရဲ့ဧည့်ကြိုဝန်ထမ်းကိုအထူးတလည် အ‌‌ေကြာင်းကြားကာ ဖုန်းတွေကိုသူ့ဆီမလွှဲဖို့ ပြောခဲ့တာပင်။ဒီအတန်းဖော်ဟောင်းက အမြဲတမ်း ဉာဏ်ကောင်းတဲ့သူတစ်ယောက်ဖြစ်ခဲ့တာပါ ။ဒါဆို ဒီကိစ္စနဲ့ပတ်သတ်ပြီး သူက ဘာဖြစ်လို့ မသိနားမလည်သလို ဟန်ဆောင်နေရတာလဲ?

ဟန်ချင်းရှီက ရယ်မောလိုက်သည်။ " အံ့ဩစရာတော့ မရှိပါဘူး။  သဘက်ခါကျ အတန်းပြန်လည်တွေ့ဆုံပွဲရှိတယ်။ မင်းအဲဒီကိစ္စကို ဘယ်လိုတွေးထားလဲ?"

" ရုတ်တရက်ကိစ္စအကြီးကြီးတွေမရှိရင်တော့ ငါသွားနိုင်မှာပါ"

"ကောင်းတယ် ငါမင်းကိုကြိုဆိုပေးမယ်!" ဟန်ချင်းရှီတစိယောက် သူ၏စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်ပေ။" ဒီနေ့ ငါမင်းနဲ့တိုက်တိုက်ဆိုင်ဆိုင် တွေ့တယ်ဆိုတော့ ဘာလို့နေ့လည်စာ အတူတူမစားကြတာလဲ? ဒီတစ်ခေါက် ငါမင်းကိုကျွေးပါ့မယ်!"

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now