Chapter 40(Zawgyi)

564 53 1
                                    

- 'ကလေးကြီး ' ဘရန်း အရည်အသွေးမြင့် ကလေးဖော်မြူလာ မင်းက အဲဒါနဲ့ ထိုက်တန်တယ် -

"ဟေး မင်းဘာလို့ ငြိမ်သွားတာလဲ ?" တုံ့ပြန်မှုတစ်ခုတောင်မှ မကြားရသည့်အခါ ဥက္ကဌချနိးက တိုက်တွန်းလောဆော်လိုက်သည်။
"သူငယ်ချင်း ကျီရှောင်ယွီ မင်းမကြာခင်လာခဲ့။ အကယ်၍ ကိုယ်သွားတာနောက်ကျရင် လတ်ဆတ်တဲ့ပါဝင်ပစ္စည်းတွေကို ကိုယ်ဝယ်နိုင်တော့မှာမဟုတ်ဘူး"

"ကောင်းပါပြီ ကောင်းပါပြီ ကျွန်တော်လာခဲ့မယ်"ကျီရှောင်ယွီက ဒေါသထွက်နေသည့်လေသံ ဖြင့် ပြောလိုက်သည်။ သူမသွားချင်ပေမယ့် သက်တော်စောင့်၊ ဒရိုင်ဘာတစ်ယောက်အနေနဲ့ သူ့အလုပ်ကိုမလုပ်လို့လဲမရဘူး။ သူသဘောတူရတော့မှာပေါ့။

အိပ်ယာထကာ ဆေးကြောပြီးနောက် သူက ဥဖြူလေးနှင့်အတူ ဟောခန်းထဲသွားခဲ့သည်။ လျန်ရှောက်ကန်းက မီးဖိုခန်းထဲတွင် တခုခုကို ကလိနေ၏။ သူထွက်လာတာကို တွေ့သည့်အခါ သူပြောလိုက်၏။ "ရှောင်ယွီ ငါအခုလေးတင် ဆန်ပြုတ်ချက်ပြီး အအေးခံဘန်းကိတ်တအိုး ပေါင်းထားတယ်။ လာ ပူတုန်း လာပြီးစားလှည့်"

ကျီရှောင်ယွီက ပျော်ရွှငိစွာပြောလိုက်သည် " ဟုတ်ကဲ့ ကျေးဇူးပါ လျန်ကော"

ဆန်ပြုတ်ကို ထည့်ပေးရင်း လျန်ရှောက်ကန်းကပြောလိုက်သည် "ဘယ်လောက်တောင် ယဉ်ကျေးလိုက်သလဲ။ ဒီဟာတွေက နင်ချန်းနွေဉီးနဲ့ဆောငိးဉီးရဲ့အစားအသောက်တွေကို မယှဉ်နိုင်ဘူး။ တစ်စုံတစ်ယောက်က ဒါတွေကို မစားကြည့်ခင်တော့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး"

ကျီရှောင်ယွီက အံကြိတ်ကာ ဆိုလိုက်သည် "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျ? အဲ့ဒီအစားအသောက်တွေကို တစ်ယောက်ယောက်ကလုပ်ထားပြီး ကျွန်တော့်ပိုက်ဆံကိုလဲ အဲ့တာတွေအတွက် သုံးနေတာပါဘူး။ ကျွန်တော် ဒါတွေကိုလည်း ကိုယ်တိုင်မလုပ်နိုင်ပါဘူးဗျာ။လျန်ကော ကောကအရမ်းလုပ်တတ်တာပဲ"

လျန်ရှောက်ကန်းက မရယ်မောပဲ မနေနိုင်တော့ချေ။ "မင်းမှာ ပါးစပ်ချိုချိုလေးရှိတာပဲ ကောင်လေး။ ဒါက အစ်ကို လုပ်နိုင်တဲ့ လယ်ဗယ်ပဲ။ ပိုးမွေးသလိုမွေးခံရတဲ့ တစ်စုံတစ်ယောက်ကသာ ကောရဲ့လယ်ဗယ်ကို ကျွမ်းကျင်တယ်လို့ခေါ်လိမ့်မယ်"

President , Our Egg Is Lost (Myanmar Translation)Donde viven las historias. Descúbrelo ahora