Chapter 38(Unicode)

1.1K 259 9
                                    

Chapter Thirty-Eight: ပါးပါးရဲ့ကလေးလေး မင်းထပ်ပြီး အရောင်မလက်နိုင်တော့ဘူးလား?

တက္ကစီ က လမ်းအဆုံးမှာ ပျောက်ကွယ်သွားတာတောင်မှ ချန်းယွီထန်က မရွေ့သေးပေ။ ယန်တုန်ချန်းတစ်ယောက် အနားကပ်ကာ သူ့ကိုမဖြောင်းဖျပဲမနေနိုင်တော့ချေ။ "ဥက္ကဌချန်း အထဲဝင်ပါ။ နှင်းက တော်တော်လေးကျနေတာဗျ"

ချန်းယွီထန်က သူ့အနောက်မှ နင်ချန်နွေဦးနှင့်ေဆာငိးဦးထဲ ပြန်လိုက်ဝင်သွားခဲ့ပြီး ဆင်ဝင်အောက်တွင် ရပ်တန့်ကာ အမိန့်ပေးလိုက်သည်။ "လောင်ယန် ဟုန်လဲ့ဥယျာဉ်ကိုစောင့်ကြည့်ဖို့ လူတချို့လွှတ်ထားလိုက်။ အကယ်၍ ကျီရှောင်ယွီ အဆောင်ခန်းထဲမှာနေတာပဲဖြစ်ဖြစ် အကယ်၍ သူအပြင်ထွက်တာပဲဖြစ်ဖြစ် သူဘယ်နေရာကိုသွားတာပဲဖြစ်ဖြစ် ကျွန်တော့်ကို ချကိချင်း သတင်းပို့ပါ"

ဝမ်းနည်းနေတာထက်စာရင် လုံခြုံနေတာကပိုကောင်းတယ်။ အဲ့ဟာလေးက သုံးရက်ခွင့်ယူသွားတာမလို့ သူ သူ့ကိုသုံးရက်ခွင့်ပေးလိုက်မယ်။အကယ်၍ ကျီရှောင်ယွီသာ သူ့စကားကိုမတည်ဘဲ လစ်ထွက်သွားရင် နိုင်ထက်စီးနင်းအရေးယူမှုတွေလုပ်တဲ့အတွက် သူ့ကိုအပြစ်မတင်နဲ့။ အကယ်၍ သူ့ကိုကြိုးတုတ်ရမယ်ဆိုရင်တောငိ သူက သူ့ကိုကြိုးတုတ်ပြီးပြန်ခေါ်လာမှာ။

ငါက အနှစ်၃၀ကျော်လောက်နေလာခဲ့ပြီးပြီ။ သဘောကျတဲ့ တစ်စုံတစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ဒါကြောင့်ငါသူ့ကို လက်လွှတ်ဆုံးရှုံးမခံနိုင်ဘူး။ အဲ့ဟာလေးလည်း ငါ့ကိုသေချာပေါက်ကြိုက်တယ်ဆိုတာတော့ ပြောစရာတောင်မလိုတော့ဘူး။ ငါ အခိုင်အမာယုံကြည်တယ်။

"ဟုတ်ကဲ့ ကျွန်တော်ချကိချင်းစီစဉ်လိုက်ပါ့မယ်"
ယန်တုန်ချန်းက ကောင်းမွန်သင့်လျော်သည့် အမူအရာနှငိ့ သဘောတူလိုက်ကာ နှလုံးသားထဲတွင်တော့ တိတ်တဆိတ်တွေးနေမိ၏။ ငါ့ ဘော့စ်တစ်ယောက် သူစွန့်ခွာတာကိုခံရမယ့်နေ့ရှိလာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ အကယ်၍ သူသာ ပထမဆုံးအကြိမ် ချစ်ဖူးတာဆိုရင် နက်နက်ရှိုင်းရှိုင်းကြွေဆင်းသွားလို့ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။
……

President , Our Egg Is Lost (Myanmar Translation)Dove le storie prendono vita. Scoprilo ora