အခန်း ၂၀

10.2K 1.1K 25
                                    

Unicode

ကြိတ်မှိတ်ပြီး မျက်လုံးကိုမှိတ်ထားပေမဲ့ အိပ်လို့မပျော် ။ ဘေးက Digitalနာရီကိုလှမ်းကြည့်လိုက်​တော့ 1:03AMတောင်ရှိနေပြီ။

စောင်စလေးကိုဆုပ်ကိုင်ရင်း ခပ်ဟဟဖွင့်ထားတဲ့တံခါးအပြင်ကိုချောင်းကြည့်မိတော့လဲ လူခြေတိတ်နေသေးတယ်။

"အခုထိပြန်မလာသေးဘူးလား"

Taehyung ဒီအိမ်ကိုစရောက်လာတည်းက Jungkookက Taehyungမနိုးခင်ထွက်သွားတတ်ပြီး
Taehyungအိပ်ပျော်သွားတဲ့အချိန်မှပြန်လာတတ်သည်။

ခါတိုင်းဆိုလျှင် 12ကျော်နောက်ဆုံးထားပြီးပြန်လာတတ်သည် ။

ဒီနေ့တော့ တကယ်နောက်ကျနေသည်။

တစ်အိမ်လုံးမှာ အခန်းကျယ်ကြီးတွေနဲ့ဖွဲ့စည်းထားပေမဲ့ အိပ်ခန်းကတစ်ခန်းထဲသာပါသည်။
နှစ်ယောက်အိပ်ကုတင်နဲ့ အခန်းကျယ်အိပ်ခန်းကြီးက ဒီအိမ်အကျယ်ကြီးမှာမှတစ်ခန်းသာပါသည်။
အိပ်ခန်းဘေးမှာစာကြည့်ခန်း ၊အရှေ့ဘက်မှာ ဧည့်ခန်း ဘေးတစ်ဘက်တစ်ချက်စီက မီးဖိုခန်းနဲ့ရေချိုးခန်း အိမ်သာ ။ အဲ့လိုခပ်ရှင်းရှင်းအပြင်အဆင်မှာမှ
ထပ်ခိုးမှာ မှန်လုံဥယျာဉ်ငယ်တစ်ခုရှိသေးသည်။

အိပ်ခန်းက ပင်လယ်ဘက်ရှူခင်မြင်ရအောင် မှန်ပြူတင်း အကြီးကြီးလဲရှိသေးသည်။ လိုက်ကာအဖြူနှင့်ကာထားသော်လဲ လေအေးတို့ဝှေ့လာလျှင် ပင်လယ်နဲ့လကို တွဲဖက်မြင်ရတဲ့မြင်ကွင်း။

အိမ်အပြင်အဆင်က အဖြူရောင်တွေချည်းသာဖြစ်ပြီး ဆိုဖာနဲ့တံခါးများကတော့ မီးခိုးရောင်။
အခန်းဘေးတစ်ဖက်စီမှာလဲ စိမ်းရင့်ရင့်အပင်လေးတွေကိုအိုးနှင့်စိုက်ထားသည်။

အပန်းဖြေအိမ်နဲ့လဲမတူသလို မိသားစုနဲ့နေမဲ့အိမ်နဲ့လဲမတူ။ တစ်ယောက်တည်းနေမှာလဲဖြစ်နိုင်ပေမဲ့
အသုံးအဆောင်တွေက တစ်စုံစီရှိနေပြန်သေးသည်။
မဟုတ်မှလွဲ ဟန်းနီးမွန်းအိမ်များလား လို့ Taehyungတွေးမိပါ​၏။

နှစ်ယောက်အိပ်ကုတင်ပါပေမဲ့ Jungkookက အပြင်ဘက်ကဆိုဖာတွေပေါ်မှာသာအိပ်သည်။
တစ်ခါတလေ စာကြည့်ခန်းထဲက ဆိုဖာပေါ်လဲအိပ်သေးသည်။

My Best FriendWhere stories live. Discover now