[Zawgyi]
Blue Night ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ဒူးနှစ်ဖက်ကို လက်နဲ့ပိုက်ရင်းထိုင်စောင့်နေခဲ့သည်။
ခုနက ငိုထားတဲ့အရှိန်က အခုထိမပြေသေး။
နှာရည်တွေကို တရှုံ့ရှုံ့လုပ်လိုက် မျက်မှန်အကွဲအောက်ကနေ မျက်ရည်တွေသုတ်လိုက်နှင့်။
ဘေးက ရပ်စောင့်ပေးနေတဲ့အကိုကြီးက စီးကရက် ကိုမီးဖွာရင်း အဝေးတစ်နေရာကို သာငေးကြည့်နေသည်။သိပ်မကြာလိုက် အဝေးက ဒုန်းစိုင်း စက်ဘီးစီးလာတဲ့ Jungkookက သူ့ကိုမြင်တော့ စက်ဘီးကိုပစ်ချပြီး သူ့ဆီကို မျက်မှောင်ကြီးကျုံ့ပြီးပြေးလာသည်။
ထိုအချိန်ကျမှသာ Taehyung စိတ်ဒုံးဒုံးချလိုက်နိုင်သည်။ စိတ်ကိုလျော့ချလိုက်သည်နှင့် မျက်ရည်တို့ကျ တာကျိုးသလို အပေါက်ကြီးငယ်ယိုကျလာသည်။Jungkookဒေါသကငယ်ထိပ်ရောက်သို့ရောက်နေနင့်ပြီ။
ဆဲဖို့စကားလုံးများကလဲ နှုတ်ဖျားမှာအသင့်။" Kim Taehyung မင်း ..."
စကားတို့ပင်မဆုံးလိုက် Jungkook ပုခုံးမှာ မျက်ရည်တို့ဖြင့်ရွှဲနေလေပြီ။
"ဘာလို့ အခုမှရောက်လာတာလဲ ? ဘာလို့ငါ့ကိုပြန်မခေါ်တာလဲ?"
[ လခွပ်! ငါပြန်ချော့တယ်လေ ငလူးရဲ့]
Jungkookစိတ်ထဲတွင်တိုးတိတ်စွာပင်ကျိန်ဆဲလိုက်ပါ၏။ နှုတ်ကမူ
" ငါ တောင်းပန်ပါတယ်"
[ အာယူ စီးရီးယပ်? Jeon Jungkook ဆဲလေ
မင်းဆဲရမှာ ဖာ့ခယူပဲ အချောလေး]စိတ်ထဲမှ အကြိမ်ကြိမ်အခါခါ ကျိန်ဆဲမှုများက
အပြင်သို့ရောက်လျင် ပြောင်းပြန်အချိုး ကျကာ
ငိုနေသည့် ကျောပြင်ကိုပုတ်သပ်ပေးလိုက်ပါသေး၏မိမိရှေ့တွင် ရိုမီယိုနဲ့ဂျူးလိယက်ဇာတ်ကနေသည့်
ညီအကိုနှစ်ယောက်ကို သည်းမခံနိုင်စွာပင် အကြည့်လွဲမိ၏ ။ ညီအကိုတော့ ဖြစ်တန်ကောင်းပါ၏"ပိုလိုက်တာ..."
အီးခိုးပေါက်သည့်အသံက ပိုကျယ်သည်ဟု ထားခဲ့သည့်စကားပုံက အလကားတော့ဖြစ်ဟန်မတူ
တိုးတိုးသာ ညည်းဆိုလိုက်သည့်စကားကို
ငပြူးကောင်လေးက ကြားဟန်တူ၏
ငိုနေသည့် ဖြူးကောင်အား နှစ်သိမ့်နေရင်းမှပင်
မိမိအား တစ်လုံးတစ်ခဲ မျက်စောင်းထိုးလိုက်သေးသည်။ ထို့နောကိတွင်တော့ ထို ဖြူးကောင်အား
လက်ဆွဲကာ စက်ဘီးပေါ်တင်၍ ဒုန်းစိုင်းပြန်ထွက်ခွာသွားလေသည်။
