အခန်း(၉)

13.8K 1.8K 68
                                    

ခပ်ရိုင်းရိုင်း စကားလုံးအချို့က ပါးစပ်ထဲဝင်သွားတဲ့
အရည်တွေထက် ခါးသက်ပြင်းရှနေသည်။
အသက်အရွယ်လေးနဲ့မလိုက်အောင် ပြောပုံဆိုပုံတွေကြောင့် သူ့နှုတ်ခမ်းစွန်းက ကွေးညွတ်သွားသည်။ လက်ထဲက ခွက်ကိုစားပွဲပေါ်ပြန်တင်ရင်း
ပြောချင်ရာကို စည်းလွတ်ဝါးလွတ်ပြောနေသော
သကောင့်သားနှစ်ကောင်ကိုသာ ခပ်ပြုံးပြုံးကြည့်နေမိသည်။

"ဟျောင့် Vdဖြန့်ရင် ဟိုကောင်လေးမျက်နှာဖျက်မှာလား? "

"အလုပ်ရှုပ်ပါတယ်ကွာ ဘာမှသောက်ရေးပါတာလဲမဟုတ်ဘူး သူက ဘာနစ်နာသွားတာကျလို့
ယောင်္ကျားအချင်းချင်းပဲ"

အစောပိုင်းက အာရုံမရှိတဲ့ ကောင်လေးအပေါ်
ထိုစကားကြောင့်စိတ်ဝင်စားမိသွားသည်။

အရေးမပါဘူးဆိုတော့ One night stanလား?

ခပ်လှမ်းလှမ်းက ရုန်းရင်းဆန်ခတ်နေတဲ့ ကောင်လေးမျက်နှာကို သေချာကြည့်မိတော့ တခါမှလဲ ကလပ်မှာမတွေ့ဖူးဘူး။ မျက်မှန်နဲ့ ဝတ်ပုံစားပုံအရတော့
သာမန် ကျောင်းသားလေးပဲ။

" မျိုးမစစ်ကောင်..."

စားပွဲပေါ်က ခွက်ဆီလက်ပြန်လှမ်းရင်း တခြားနေရာသို့သာ အာရုံလွှဲလိုက်သည်။ အဲ့ မျိုးမစစ်နဲ့ တတ်နိုင်သမျှ မပတ်သတ်ချင်။

မီးရောင်စုံ တဖြတ်ဖြတ် နဲ့အတူ ကာလာစုံ မိန်းမပျိုတို့သည်လဲ အမြင်အာရုံထဲဝင်မလာတော့။
သဘောကျသည့် DJသံစဉ်တို့ပင်နားညီးစပြုလာသည်။

"Shit ! "

နားထင်ကိုလက်နဲ့နာနာဖိရင်း အသိအာရုံပြန်စုစည်းရသည်။ ဘယ်လိုဟာတွေလဲ !

အတင်းအကျပ်ဆွဲခေါ်သွားတဲ့ မြင်ကွင်းက မျက်လုံးထဲ မသတီလှ။ အတတ်နိုင်ဆုံးတော့ ကင်းအောင်နေပေမဲ့ ဒီကောင်အာရုံလာစားနေတာပဲ။

ကြမ်းပြင်ပေါ်သို့လွှင့်ပစ်ခံလိုက်ရတဲ့ဖုန်းကိုကောက်ယူရင်း ဝင်သွားတဲ့အခန်းကိုသေချာမှတ်ထားလိုက်သည်။ ကောင်တာသို့သွားရင်း ဝိတ်တာတစ်ယောက်ကို မန်နေဂျာအားခေါ်ခိုင်းလိုက်သည်။

"အကိုလေး ဘာလုပ်ပေးရမလဲခင်ဗျ?"

"VIP Room No 21 ရဲ့သော့ပေး ငါဖုန်းကျန်ခဲ့လို့"

My Best FriendWhere stories live. Discover now