အခန်း (၁၈)

11.8K 1.3K 28
                                    

Unicode

ညကတစ်ညလုံးငိုထားမိတာကြောင့် မျက်ခွံတွေမို့အစ်ပြီး ဖောင်းနေသည်။ အနားကနေထွက်သွားဖို့ပြောခဲ့မိတာလဲသူကိုယ်တိုင်ပဲ နာရီတိုင်း စက္ကန့်တိုင်း အရူးလိုလွမ်းနေတာလဲ သူပါပဲ။
သူက တကယ်ကိုအရူးပါပဲ ။
သူမရှိလဲအဆင်ပြေနေလိမ့်မယ်လို့တွေးတဲ့ Jungkookကို ဆွဲဆွဲပြီးထိုးချင်တယ်။
သူဘယ်လောက်တောင်လွမ်းနေရလဲ သူဘယ်လောက်တောင်တင်းခံနေရလဲ။
ပြောရရင် Jungkookက သူ့အချစ်တွေပေါ်မှာသိပ်ကိုသံသယဝင်လွန်းတယ်။

ပြီးတော့ Jungkookရဲ့သူ့အပေါ်ထားတဲ့အချစ်က
သူငယ်ချင်းလိူလား ချစ်သူလိုလားဆိုတာ Jungkookကိုယ်တိုင်တောင်သဲကွဲတဲ့ပုံမပေါ်၊ အားနည်းပြီးအများနဲ့မတူတဲ့သူ့ကို ကာကွယ်ပေးရမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ သူ့ဘေးမှာရှိနေပေးခဲ့တဲ့သူမဟုတ်ပါလား?
သူက Jungkookရဲ့ဘဝတစ်ခုလုံးအထီးကျန်အောင်လုပ်မိတဲ့သူပဲမလား ၊ သူ့ကြောင့်တခြားသူငယ်ချင်းလဲမထားခဲ့ရသလို ရည်းစားတွေအပေါ်လဲအချိန်မပေးနိုင်ခဲ့တာ၊
သူကJungkookအတွက်တော့ အရှုပ်တစ်ခုသာသာ။

ဒါတောင်သူက Jungkookထွက်သွားတာတောင် ပြန်လာမဲ့ရက်ကိုစောင့်နေခဲ့သေးသည်၊  ၅နှစ်လုံး
တစ်ရက်မှ သူ့ကိုမလွမ်းတဲ့ရက်မရှိခဲ့၊
အထက်ကျောင်းအပြီး တက္ကသိုလ်မှာတက်ခဲ့တဲ့ပြသနာတွေကိုလဲ တင်းခံခဲ့ပေမဲ့ မား သိသွားတာကြောင့် အိမ်ကနေပါထွက်ခဲ့ရသည်၊
သူ့ရဲ့အိပ်မက်တွေကိုစွန့်လွှတ်ရင်း ဒီလိုနေနေခဲ့တာ  Jungkookပြန်လာမဲ့ရက်ကိုမျှော်နေရင်း ၊ပြန်မလာခဲ့ရင်တောင် Jungkookဆီလိုက်သွားဖို့အထိ ကြိုးကြိုးစားစားနေလာခဲ့ပြီးကာမှ။
ဝေးအောင်ထပ်ပြီး လုပ်မိပြန်ပြီ၊

သူချစ်တာနဲ့ညီအောင် နာကျည်းမှုတွေပါခံစားနေခဲ့ရတာလား ကိုယ်တိုင်တောင်မသိတော့၊

"ဟဲလို အကို"

စိတ်ရောလူရောပင်ပန်းနေတာကြောင့် ဒီနေ့တစ်ရက်တော့ ခွင့်ယူရမည် မတတ်နိုင်၊

"အော ထယ်လေး အဆင်ပြေရဲ့လား အကိုလာခဲ့ရမလား?"

တစ်ဖက်က အကို့ရဲ့အသံက စိုးရိမ်မှူတွေအပြည့်ပါနေတာကြောင့် Taehyungကပိုအားနာရသည်။

My Best FriendWhere stories live. Discover now