အခန်း ၂၂

9.6K 1.1K 70
                                    

Unicode

သုံးနှစ်ကြာပြီးသွားတဲ့နောက်နှစ်မှာ Taehyungကလဲ နောက်ဆုံးနှစ်ရဲ့ပထမနှစ်ဝက်အဆုံးကိုရောက်လာခဲ့ပြီ။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ သူ့ရဲ့အချိန်တွေကိုဖြတ်သန်းလာနိုင်ခဲ့တယ်။ ဒီလိုနေ့ရက်တွေရောက်လာဦးမယ်လို့သူဘယ်တုန်းကမှထင်မထားခဲ့ဘူး။ 19နှစ်သားအရွယ်တုန်းက အိပ်မက်တွေကအမှန်တကယ်ဖြစ်လာတာပဲ တစ်ခုကလွဲလို့ပေါ့။ ခွင့်လွှတ်ပေးရင်လူတွေကပိုပြီးပျော်ပျော်ရွှင်ရွှင်နဲကနေထိုင်နိုင်တယ်တဲ့။ Taehyungဘက်ကခွင့်လွှတ်ပေးဖို့ခွန်အားရောရှိရဲ့လား။

"ကောင်းပြီ ကောင်းပြီ ဒါက ဒီနှစ်ဝက်ရဲ့နောက်ဆုံး Assignment ပဲ။"

အတန်းရဲ့ရှေ့ကနေ ဆရာမက စားပွဲပေါ်ကို စာရွက်တွေတဖြန်းဖြန်းရိုက်ရင်းပြောလာတယ်။

"နောက်ဆုံးနှစ်ရောက်နေပြီဆိုတော့ ဒီAssignmentကနဲနဲတော့ခက်လိမ့်မယ်။ နဲနဲပါပဲအများကြီးမဟုတ်ပါဘူး"

အတန်းတစ်ခုလုံးကညည်းညူသံတွေနဲ့ပြည့်သွားတယ်။

"မညည်းကြပါနဲ့။ မင်းတို့တွေနောက်ဆုံးနှစ်ပဲရောက်နေပြီ အခုထိ Assignment တွေကိုအသားမကျသေးဘူးလား။ ဒီတစ်ခေါက်ကသိပ်အရေးကြီးတယ်နော်။ မင်းတို့ရဲ့Testက အဆင့်တွေကိုဆွဲခေါ်ပေးနိုင်သလိုဆွဲချနိုင်တဲ့ Assignment ပဲ။"

အားလုံးကသက်ပြင်းချရင်း Assignmentကိုဘယ်လိုပုံစံရမလဲရင်တထိတ်ထိတ်နဲ့။

"သိပ်မခက်ပါဘူး။ကိုယ်ပိုင်Designဆွဲပြီး ကိုယ်တိုင်ချုပ်ပေးဖို့ပဲ။"

"တော်သေးတာပေါ့"

"ဟူး ဘာများလဲလို့လန့်သွားတာလဲ"

"ဒါလေးကတော့မခက်ပါဘူး"

ဆရာမက စားပွဲကိုနောက်တစ်ကြိမ်စာရွက်တွေနဲ့ထပ်ရိုက်လိုက်ပြန်တယ်။

"နေဦးနေဦး ငါTopicကိုမပြောရသေးဘူးလေ"

"......"

"Baby Design!!!!????"

Whiteboard ပေါ်မှာရေးချပေးတဲ့Topicကြောင့် တစ်တန်းလုံး အသံတွေကပိုဆူညံလာတယ်။

My Best FriendWhere stories live. Discover now