Extra Part 1

8.7K 922 53
                                        

Unicode

Jungkookနဲ့Taehyungရဲ့ဆက်ဆံရေးဟာ တရားဝင်ကြေညာပြီးတဲ့နောက်မှာ Youtube Channelတစ်ခုထောင်ထားသည်။
" Taekook is a cute world" ဆိုတဲ့ Channel။
ဒါဟာ Jungkookရဲ့အကြံဖြစ်သလို Channelမှာ Activeအဖြစ်ဆုံးကလဲ Jungkook။

"လက်ထပ်ပွဲကဘယ်တော့လဲ?"

Jungkookက Cmtတွေကို ဖတ်ပြီးဖြေပေးနေခြင်း။

"အမ်....ဘယ်တော့လောက်ဖြစ်မလဲဆိုတော့.."

"Jungkook! ဘာလုပ်နေလဲ အဝတ်တွေသိမ်းတော့လေ မနက်ဖြန်နောက်ကျနေမယ်"

အနောက်ဘက်မှ Taehyungရဲ့အသံစာစာလေးကထွက်လာသည်။ Jungkookက ခပ်ဖွဖွပြုံးရင်း cmtကမေးခွန်းကိုပြန်ဖြေလိုက်သည်။

"ဆောရီးဗျာ ကျနော့်ရဲ့အိမ်သူသက်ထားလေးက စကားနားမထောင်ရင်စိတ်ဆိုးမှာကြောက်လို့ ဒါပဲနော်။ လက်ထပ်ပွဲရက်ကိုနောက်ကျတူတူပြန်ကြေညာပေးပါမယ်။ Channelလေးကို subscribe လုပ်သွားပေးဦးနော်"

Jungkookက Liveလွှင့်နေမှုကိုပိတ်ချလိုက်သည်။ Taehyungကအခန်းထဲသို့စူပုပ်ပုပ်ဖြင့်ဝင်လာလေသည်။

"ပြောနေတာကိုမကြားဘူးလား"

Jungkookကထိုင်ခုံပေါ်မှထပြီး Taehyungရဲ့ခါးလေးကိုအနောက်မှသိုင်းဖက်ပြီး ပါးလေးကိုနမ်းရှုပ်လိုက်သည်။

"အဝတ်သိမ်းခိုင်းနေတာကို..."

"ဟွန့် ဒီလိုလေး ခဏလောက်နေလို့မရဘူးလား​။ဒီနေ့ ကိုယ့်ကောင်လေးက အလုပ်များနေတာကို ကိုယ့်မှာဖက်လဲမဖက်ရ နမ်းလဲမနမ်းရသေးဘူး။အားတွေယုတ်နေပြီလို့"

Taehyungက သက်ပြင်းတစ်ခုချရင်း Jungkookဘက်သို့လှည့်လာသည်။ သူတို့နှစ်ယောက်ဟာမျက်နှာချင်းဆိုင်ဖက်လျက်အနေအထားဖြစ်သွားသည်။Jungkookရဲ့ဆံပင်တွေက မျက်လုံးကိုဖုံးပြီး ဂုတ်နားထိပင်ရှည်နေပြီ။Taehyungရဲ့ Jungkookရဲ့ဆံပင်တွေကိုသပ်ပေးရင်း ပါးတွေကိုညှပ်လိုက်တော့ Jungkookနှုတ်ခမ်းလေးကရှေ့သို့ဆူထွက်လာသည်။

"အွင့်"

TaehyungကJungkookရဲ့နှုတ်ခမ်းများကိုဖိကပ်နမ်းလိုက်သည်။

"ဟူး ... ကောင်လေးတစ်ယောက်ကတော့ ကိုယ့်ကိုတအားတွေမြှူဆွယ်နေပြန်ပြီ"

My Best FriendWhere stories live. Discover now