အခန်း ၁၉

11.7K 1.3K 103
                                    

Unicode

"ဟင်း....."

သက်ပြင်းရှည်ရှည်ကိုခဏတိုင်းချမိနေခြင်းဟာရင်ထဲကအပူတွေတော့တခဏငြိမ်းချမ်းသွားသယောင်။
မျက်ရည်တွေမကျမိအောင် ထိန်းချုပ်နေခြင်းတစ်မျိုးလဲဖြစ်တာကြောင့် ဝင်သက်ပြီးသ၍သက်ပြင်းချနေမိသည်။

လည်ချောင်းတစ်လျောက် ပူပြင်းပြင်းအရည်တွေထပ်ပြီး စီးဆင်းသွားပြန်ပြီ။ ရီဝေဝေဖြစ်လာပြီးနောက်ပိုင်းမှာ ရီမိလား ငိုမိလားတောင်မသိတော့ အရာအားလုံး အမှောင်ကျသွားပြီး ပြီးဆုံးသွားသည်။


_________________________

ခပ်စူးစူးနေရောင်က မျက်လုံးကိုလာစူးနေတာကြောင့် လက်နှင့်ကာလိုက်မိသည်။ မျက်လုံးကိုအားယူဖွင့်ပြီး
ထလိုက်တော့ ခေါင်းက ဆစ်ကနဲကိုက်သွားတာကြောင့် ငြိမ်နေလိုက်ရသည်။

"အာ့ ...."

"နိုးလာပြီလား"

ရုတ်တရက်ဘေးကထွက်လာတဲ့အသံကြောင့် မျက်လုံးအစုံပင်ပြူးကျယ်သွားရသည်။ အမြင်အာရုံက အခုထိဝါးတားတားမို့ဘယ်သူမှန်းမခန့်မှန်းနိုင်သေးခင်မှာတင် သူက အခန်းပေါက်ဝကနေလှည့်ထွက်သွားသည်။ အခြေအနေအနည်းငယ်တည်ငြိမ်သွားမှ ဘေးဘီဝဲယာကြည့်မိတော့ အိပ်ယာခင်းဖြူဖြူ စောင်ဖြူဖြူက သူ့နေရာမဟုတ်ကြောင်း Taehyungသတိထားမိသွားသည်။

"ဘာလား.. ငါဘယ်ရောက်နေတာလဲ"

လိုက်ကာစတွေကိုလေတိုးတဲ့အချိန် လှပ်ဟသွားတဲ့မှန်ပြူတင်းပေါက်ကနေတစ်ဆင့်သူမြင်လိုက်ရတာ

"ပင်လယ်?"

​(နေပါဦး ဆိုးလ်မှာ ပင်လယ်မှမရှိတာ)

​အားယူပြီးခုနကလူလှည့်ထွက်သွားတဲ့ တံခါးပေါက်ဆီအားယူလျောက်လိုက်တော့ မြင်လိုက်ရတဲ့အခန်းကျယ်ကြီးက တကယ်ပဲအစိမ်းသပ်သပ်။ ဘေးဘီဝဲယာကြည့်ရင်း သွားမိသွားရာသွားလိုက်တော့ အခန်းတစ်ခုထဲကနေ ပန်းကန်ကိုင်ရင်းထွက်လာတဲ့သူက

"Jungkook?"

"အာ မင်းထွက်လာတာပဲ ငါကမင်းအတွက်စွပ်ပြုတ်နွှေးပြီးယူလာပေးမလို့ကို"

My Best FriendWhere stories live. Discover now